“သြစတြေးလျ နိုင်ငံက ၎င်းတို့နိုင်ငံ၏ တာဝေးပစ် ကာကွယ်ရေး စွမ်းရည် ကွာဟ ချက်များကို အဆင့်မြှင့် တင်မှုများ ပြုလုပ်နိုင်ရန် အတွက် အမေရိကန်နိုင်ငံမှ Tomahawk အမျိုးအစား ခရုစ်ဒုံးကျည် အစင်း ၂၀၀ကျော် နီးပါး ဝယ်ယူသွားရန် စီစဥ်နေ”

သြဂုတ် ၂၁

သြစတြေးလျနိုင်ငံသည် ၎င်းတို့နိုင်ငံ၏ ရေတပ်အတွက် Tomahawk အမျိုးအစား ခရုဇ်ဒုံးကျည် အစင်း ၂၀၀ နှင့် အမေရိကန်ထံမှ ရေဒါဆန့်ကျင် ပဲ့ထိန်းဒုံးကျည် ၆၀ ကို ဝယ်ယူရန် စီစဉ်နေတာဖြစ်ပါတယ်။

အဆိုပါ တာဝေးပစ် ကာကွယ်ရေးစွမ်းရည်အတွက် ဒေါ်လာ ၁.၇ ဘီလီယံ အကုန်အကျခံသွားမှာဖြစ်ပြီး အမေရိကန် Tomahawk အမျိုးအစား ခရုဇ်ဒုံးပျံအများအပြား ကို သြစတြေးလျနိုင်ငံ မှ ဝယ်ယူသွား မည်ဆိုသော သဘောတူညီ ချက်နှင့်ပတ်သက်၍ ၎င်းတို့ နိုင်ငံ၏ အလုပ်သမားညီလာခံတွင် ပြင်းထန်သော ပြည်တွင်းရေးအခြေအတင်ဆွေးနွေးမှုများပြု
လုပ်ခဲ့ ပြီးနောက် ရက်ပိုင်းအတွင်း အဆိုပါ အစီအစဥ်များ ထွက်ပေါ်လာခဲ့တာဖြစ်ပြီး အမေရိကန်နိုင်ငံမှ ဝယ်ယူမှုများတွင် ဓါတ်ရောင်ခြည်ဆန့်ကျင်ရေးနှင့် တင့်ကား ဖျက်ဒုံးကျည်များ လည်း ပါဝင်သွား မှာဖြစ်ပါတယ်။

“ကျနော်တို့၏ရန်သူများကို ကျနော်နိုင်ငံပိုင် တို့၏ကမ်းခြေများနှင့်ဝေးဝေးတွင်ထိန်းသိမ်းမှုများပြုလုပ်ထားနိုင်ရန်နှင့်သြစတြေးလျလူမျိုးများဘေးကင်းရန်လိုအပ်တယ်”လို့ သြစတြေးလျ နိုင်ငံ ကာကွယ်ရေးဝန်ကြီး Richard Marles က ပြီးခဲ့သည့် သြဂုတ်လ ၂၀ရက်နေ့က ပြောကြားခဲ့တာဖြစ်ပါတယ်။

သြစတြေးလျနိုင်ငံ သည် အမေရိကန်နိုင်ငံ နှင့် ဗြိတိန်နိုင်ငံ ပြီးလျှင် Tomahawk အမျိုးအစား ခရုဇ်ဒုံးပျံများကို အသုံးပြုခွင့် ရသည့် တတိယ မြောက် နိုင်ငံဖြစ်လာပြီး ၎င်းတို့နိုင်ငံ၏ Hobart အဆင့် လေကြောင်း စစ်ပွဲဖျက်သင်္ဘော ၃ စင်း၏ စွမ်းရည်မြှင့် တင်သွား ရန်အတွက်ရည်ရွယ်ပြီး တာဝေး ပစ်ဒုံးကျည်အစင်း ၂၀၀ အတွက် ဒေါ်လာ ၁.၃ ဘီလီယံသုံးစွဲသွားမည်လည်းဖြစ်ပါတယ်။

အဆိုပါ ဒုံးကျည်များသည် အကွာအဝေး ၁၅၀၀ ကီလိုမီတာရှိထိ ပစ်ခတ်နိုင် ပြီး ဩစတြေးလျနိုင်ငံ ၏ တာဝေး ပစ်ကာကွယ်ရေး စွမ်းရည် ကွာဟချက်များ ကြောင့် လိုအပ်သလို နိုင်ငံ၏ ကာကွယ်ရေး ဗျူဟာများကို ပြန်လည် အဆင့်မြင့် သုံးသပ် မှုများပြုလုပ်သွားဖွယ်ရှိနေတာလည်းဖြစ်ပါတယ်။