ရုရှားဖက်ဒရေးရှင်းနိုင်ငံ Patriot Park ပန်းခြံအတွင်း၌ ဒုတိယကမ္ဘာစစ်အတွင်း တိုက်ပွဲဝင်ခဲ့သည့် မြန်မာ့စစ်သည်တော်မဟာမိတ်များ အမည်ရှိ အထိမ်းအမှတ်ရုပ်တု ဖွင့်လှစ်

ဩဂုတ် ၂၀

        ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ရုရှားတပ်မတော်ပင်မဘုရားရှိခိုးကျောင်းတော်ကြီး Main Cathedral of the Armed Forces တည်ရှိရာ မော်စကိုခရိုင်၊ ကူဘင်ကာမြို့၊ မျိုးချစ်ပန်းခြံ Patriot Park အတွင်း၌ ဒုတိယကမ္ဘာစစ်ကာလအတွင်း တိုက်ပွဲဝင် ခဲ့ကြသည့် “မြန်မာ့စစ်သည်တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ် ရုပ်တု ဖွင့်ပွဲကို ဩဂုတ် ၁၄ ရက်တွင် ကျင်းပပြု လုပ်သည်။

      အဆိုပါ အခမ်းအနားသို့ ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး Army General Sergey Kuzhugetovich Shoigu နှင့် ကာ ကွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီး တင်အောင်စန်းနှင့် တာဝန်ရှိသူများ၊ မြန်မာစစ်သံ (ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် မိုးကျော်နှင့် အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

       အခမ်းအနားတွင် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာကွယ်ရေးဝန်ကြီး က အဖွင့်အမှာ စကားပြောကြားရာ၌ ယခုကဲ့သို့ “မြန်မာ့စစ်သည်တော်မဟာ မိတ်များ” အမည်ရှိ အထိမ်းအမှတ် ရုပ်တုကို စိုက်ထူခြင်းသည် ယခုနှစ်တွင်ကျရောက်ခဲ့သည့် ရုရှားနိုင်ငံ နှင့် မြန်မာနိုင်ငံအကြား သံတမန် ဆက်ဆံရေး ၇၅ နှစ် အထိမ်းအမှတ်ကို ဂုဏ်ပြုခြင်း ဖြစ်သလို နှစ်နိုင်ငံချစ်ကြည်ရေးနှင့် ပူးပေါင်းဆောင် ရွက်ရေးတို့ ပိုမိုတောင့်တင်းခိုင်မာ လာမည်ကို ထုတ်ဖော်ပြသခြင်းဖြစ်သကဲ့သို့ ရုရှား-မြန်မာနိုင်ငံပူးပေါင်းကာ ဖက်ဆစ် တို့ကို တော်လှန်ခဲ့ကြသည်ကို ပြန်လည်အမှတ်ရနေစေမည့် စစ်မှန်သောသမိုင်း၏ အမှန်တရားများကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခြင်းသည် အရေးပါသော နိုင်ငံ ရေး တာဝန်တစ်ရပ် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။

         ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေးဝန်ကြီး ပြည်ထောင်စုဝန်ကြီး က ကျေးဇူးတင်ဂုဏ်ယူ ဝမ်းမြောက်စကား ပြန် လည်ပြောကြားသည်။

         ယင်းနောက် ရုရှားဖက်ဒရေးရှင်းနိုင်ငံ၊ ကာ ကွယ်ရေးဝန်ကြီး၊ ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင်၊ ကာကွယ်ရေး ဝန်ကြီး ပြည်ထောင်စုဝန် ကြီးနှင့် အဖွဲ့ဝင်များ၊ အခမ်းအနားတက်ရောက် လာကြသူများ သည် ဒုတိယကမ္ဘာစစ်ကာလအတွင်း တိုက်ပွဲဝင်ခဲ့ကြသည့် “မြန်မာ့စစ်သည်တော် မဟာမိတ်များ” အမည်ရှိ အထိမ်း အမှတ် ရုပ်တုရှေ့၌ ဂုဏ်ပြုပန်းစည်းများချ၍ အလေး ပြုကြပြီး အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။

        အဆိုပါ ရုရှားတပ်မတော် ပင်မဘုရားရှိခိုးကျောင်းတော်ကြီးကို ၂၀၂၀ ပြည့် နှစ်၊ မေလ ၉ ရက်တွင် ကျရောက်သော Victiory Day OF Great Patriotic War (၇၅)နှစ်မြောက် အထိမ်းအမှတ်အဖြစ် ဂုဏ်ပြုတည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ရုရှားတပ်မ တော်၏ ဗဟိုစစ်ဘက်ဆိုင်ရာ ကျက်သရေဆောင်နေရာ Center Of Military Glory ဖြစ်လာစေရန်နှင့် သမိုင်းတစ်လျှောက် အကြမ်းတမ်းဆုံး၊ သွေးထွက်သံယိုမှု အများဆုံး စစ်ပွဲကြီးတွင် ကျဆုံးခဲ့ကြသည့် ရုရှားစစ်သည်တော်များကိုအမှတ်တရ ဖြစ်လာစေရန် ရည်ရွယ်တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုအချိန်တွင် ဒုတိယကမ္ဘာစစ်အတွင်း ရုရှားနိုင်ငံနှင့်အတူ ဖက်ဆစ်တို့ကို ပူးပေါင်းလက်တွဲတိုက်ခိုက်ခဲ့ကြသည့် ရုရှား တပ်နီတော်အပါအဝင် နိုင်ငံအသီးသီးမှ တိုက်ပွဲဝင်ခဲ့ကြသူများကို ဂုဏ်ပြုသော အားဖြင့် အထိမ်းအမှတ် ရုပ်တုများကို စိုက်ထူထားရှိခြင်းဖြစ်ကြောင်း၊ “မြန်မာ့စစ်သည် တော်မဟာမိတ်များ” အမည်ရှိ အထိမ်းအမှတ်ရုပ်တုကို ဒုတိယကမ္ဘာစစ်ကြီးအတွင်း ဖက်ဆစ်တော်လှန်ရေးတွင် အသက်သွေးချွေးစတေးကာ ပါဝင်တိုက်ပွဲဝင်ခဲ့ကြသော မြန်မာ့တပ်မတော်သားများကို ဂုဏ်ပြုလိုသည့်အတွက် မဟာမိတ်စစ်သည်တော်များ ပြင်ပပြကွက်တွင် စိုက်ထူခဲ့ခြင်းဖြစ်ကြောင်းနှင့် မော်စကိုမြို့ M.B Grekova အနုပညာ စတူဒီယိုမှ ထုဆစ်ပုံဖော်ခဲ့ခြင်းဖြစ်ကြောင်း။

     ဒုတိယကမ္ဘာစစ်ကြီးအတွင်း ရန်သူများ၏ နယ်ချဲ့ကျူးကျော်သိမ်းပိုက်မှုများကို တုန့်ပြန်တိုက်ခိုက်ရာတွင် မြန်မာ့တပ်မတော်သားများ၏ အခန်းကဏ္ဍသည်လည်း တစ် ကမ္ဘာလုံး၏ စစ်အောင်မြင်ရခြင်းအပေါ် သိသိသာသာ သက် ရောက်မှုရှိခဲ့သည်ကို အသိ အမှတ်ပြု လေးစားဂုဏ်ပြုသောအားဖြင့် အဆိုပါရုပ်တုကို စိုက်ထူခဲ့ခြင်း ဖြစ်ကြောင်း၊ အဆိုပါ ရုပ်တုပြုလုပ်စိုက်ထူရန် အကြံဉာဏ်ကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ ကာကွယ်ရေး ဝန်ကြီး Army General Sergey Kuzugetovich Shoigu မှ စတင်အကြံပြုခဲ့ပြီး မြန်မာ့တပ်မတော်စစ်သမိုင်းပြတိုက် (နေပြည် တော်)မှ စစ်ဘက်သမိုင်းပညာရှင်များ၏ အစီရင် ခံတင်ပြချက်အရ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ သဘောတူညီချက် တင်ပြတောင်းခံ၍ ရုပ်တုအသွင်သဏ္ဍာန်အား အထူးရွေးချယ် ထုဆစ်ခဲ့ခြင်းဖြစ်ကြောင်း။

       အဆိုပါ ရုပ်တုထုဆစ်မှုအပိုင်းနှင့်အောင်မြင် စွာစိုက်ထူနိုင်ရေးအတွက် ရုရှား ကာကွယ်ရေးဝန်ကြီးက ကိုယ်တိုင်ကိုယ်ကျ ကြီးကြပ်ဆောင် ရွက်ခဲ့ခြင်းဖြစ်ပြီး ရုပ်တု တွင် မြန်မာ့သမိုင်းဝင် စစ်ဝတ်တန်ဆာများကို ဝတ်ဆင်ထားဟန် စစ်သည်နှစ်ဦး၏ ရွပ်ရွပ်ချွံချွံ တိုက်ပွဲဝင်နေပုံကို တွေ့မြင်ကြရမည်ဖြစ်ကာ ရဲသွေးရဲမာန်အပြည့်ဖြင့် ရန်သူကို မမှုပဲ အောင်မြင်မှုပန်းတိုင်ဆီ ရှေ့သို့လှမ်းချီနေသည့်ဟန် ပီပြင်စွာသရုပ်ဖော် ထားကြောင်း။

        စစ်သည်တော်တစ်ဦး၏လက်တွင် ရန်သူများထံမှ သိမ်းဆည်ရမိသော ရိုင်ဖယ် သေနတ်ကို ကိုင်ဆောင်ထားပြီး ဒုတိယတစ်ဦး၏လက်တစ်ဖက်တွင် ဆိုဗီယက် ပြည်ထောင်စုထုတ် Mosin အမျိုးအစား ရိုင်ဖယ်ကို ကိုင်ဆောင်ထားကာ ကျန်လက် တစ်ဖက်တွင် ထိုခေတ်အခါက အသုံးပြုခဲ့သော အမျိုးသားအောင်လံတော်ကို ဆုပ်ကိုင် ထားသည့်ဟန် ထုဆစ်ပုံသွင်းထားခြင်း ဖြစ်ကြောင်း၊ ရုပ်တု၏ ဘယ်ဘက်အောက် ခြေတွင် ခြင်္သေ့ရုပ်ထုကို ထည့်သွင်းထားရှိပြီး ခြင်္သေ့ရုပ်ထုသည် ရှေးကျလှသော မြန်မာ့ဟန်အနုပညာ လက္ခဏာတစ်ခုလည်းဖြစ်ကာ ခြင်္သေ့ရုပ်၏ အသွင်သဏ္ဍာန်ကို မန္တလေးတောင်ခြေမှ ခြင်္သေ့ကြီးနှစ်ကောင်နှင့် ပုံစံတူထုဆစ်ထားကြောင်း၊ အဓိပ္ပါယ်မှာ ရန်သူတို့အား အောင်မြင်စွာတွန်းလှန်တိုက်ထုတ်နိုင်ခဲ့သည့် မန္တလေးမြို့တိုက်ပွဲကို သရုပ်ဖော်လိုခြင်းဖြစ်ပြီး စစ်သည်တော်တို့၏ ခြေရင်းတွင် ရန်သူတို့၏ တပ်သုံး အလံ များ၊ စစ်သုံးဓားများကို နင်းခြေထားသည့်ဟန် ထည့်သွင်း ထုဆစ်ထားပါကြောင်း။

       “မြန်မာ့စစ်သည်တော်မဟာမိတ်များ” ရုပ်တုကို ရုရှားဖက်ဒရေးရှင်းနိုင်ငံ၌ စိုက်ထူလိုက်ခြင်းသည် နှစ်နိုင်ငံ၏ ယိုင်နဲ့သွားမည်မဟုတ်သည့် ညီရင်းအစ်ကိုပမာ ပူးပေါင်းဆောင်ရွက်တတ်သည့် မဟာမိတ်စိတ် ဓာတ်ကို ဖော်ကျူးနေခြင်းပင်ဖြစ် ကြောင်း သတင်းရရှိသည်။

#PAN