လပွတ္တာမြို့နယ်၊ (၃)မိုင်မြို့သစ်၊ အမှတ် (၃) ရပ်ကွက်တွင် အမျိုးသမီး ၃ ဦးသာနေထိုင်သည့် တဲအတွင်း အမည်မသိ အမျိုးသား ၃ ဦးက ညအချိန်မတော် တဲအတွင်းဝင်ရောက်၍ ငွေကျပ် (၄၈) သိန်းခန့်နှင့် အဝတ်အထည်များ လုယူသွား

ဩဂုတ် ၁၉

ယနေ့ နံနက် ၂ နာရီခွဲအချိန်ခန့်တွင် ဧရာဝတီ တိုင်းဒေသကြီး၊ လပွတ္တာမြို့နယ်၊ (၃) မိုင်မြို့သစ်အမှတ်(၃)ရပ်ကွက်ရှိ ၆၆ ဧက ရေလှောင်ကန်ဘေး၌ သီးပင်စားပင်များစိုက်ပျိုးပြီး အဆိုပါစိုက်ခင်းထဲရှိ တဲအတွင်းတွင်နေထိုင်သော ဒေါ်သီတာလွင်၊ ၄၆ နှစ်၊ (ဘ)ဦးတင်မြင့် မပတရှိ(မမှတ်မိ)၊ဗမာ/ဗုဒ္ဓ စိုက်ပျိုးရေးလုပ်၊(၃)မိုင်မြို့သစ်
လပွတ္တာမြို့နယ်နေသူသည် သမီးဖြစ်သူ မကြည် ဖြူခင်၊မအေးမြခင်တို့နှင့်အတူ အိပ်ပျော်နေစဉ် တဲပေါ်မှခြေသံများကြားရသဖြင့် ထကြည့်ရာအမည်မသိအမျိုးသား ၃ ဦးခန့်ဟုထင်ရပြီး အဆိုပါ ၃ ဦး ထဲမှ အမည်မသိအမျိုးသားတစ်ဦးမှ ဒေါ်သီတာလွင် ကို ကျောကုန်းအပေါ် ခြေ ထောက်ဖြင့်နင်းပြီး ဘာမှမလုပ်နဲ့ ငြိမ်ငြိမ်နေဟုပြောဆိုသဖြင့် ဒေါ်သီတာလွင် မှကြောက်လန့်ကာ ငြိမ်နေခဲ့ကြောင်း၊ ကျန်အမျိုးသား ၂ ဦး မှ သေတ္တာနှင့် အဝတ်အစားများထည့်ထားသောပုံးများနှင့် ၎င်းအိပ်သည့် ခေါင်းအုံးအောက်တွင် ထားရှိသော လက်ဆွဲအိပ်ဖြင့်ထည့်ထားသည့် ငွေကျပ် ၄၈ သိန်းခန့်ကို ယူဆောင်သွားခဲ့ကြောင်း သိရသည်။

      ထိုသို့ အနုကြမ်းစီးဓားပြတိုက်ပြီး ငွေကျပ် (၄၈) ကျပ်ခန့်အား ယူဆောင်သွားသော သူအမည်မသိတရားခံ ၃ ဦးကို စုံစမ်းဖော်ထုတ်အရေးယူပေးပါရန် (၃) မိုင်မြို့သစ် အပိုင်ရဲစခန်းသို့ ဒေါ်သီတာလွင် က တရားလိုပြုလုပ်၍ အမှု့ဖွင့်တိုင် ကြားထားကြောင်း သတင်းရရှိ ပါသည်။

#PAN