မြိုင်မြို့ပေါ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့များရှိရာသို့ Drop Bomb ဖြုတ်ချတိုက်ခိုက်ရန် ပျံသန်းလာသည့်  Drone  ၁ စီးကို ပစ်ချနိုင်ခဲ့

ဩဂုတ် ၁၉

ယနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ မြိုင်မြို့ပေါ်တွင် လုံခြုံရေး တာဝန်ထမ်းဆောင်နေသော တပ်ဖွဲ့များရှိရာသို့ Drop Bomb ဖြုတ်ချတိုက်ခိုက်ရန် ပျံသန်းလာသည့်  Drone  ၁ စီးကို လုံခြုံရေးတပ်ဖွဲ့များက ပစ်ချခဲ့ကြောင်း သိရသည်။

     ထိုသို့ ပစ်ချခဲ့ရ. ဒလက် လေးခုပါ Lavado တံဆိပ် Drone  ၁ စီးကို ပစ်ချနိုင်ခဲ့ကြောင်း၊ အကြမ်းဖက် သမား PDF များသည် အဆိုပါ Drone များကို အသုံးပြုပြီး Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်းများကို ဆက်တိုက်ပြုလုပ်လာကြကြောင်း၊ ထိုသို့ Drop Bomb များကို လုံခြုံရေးအဖွဲ့များကို ပစ်မှတ်ထားသည်ဟု ဆိုသော်လည်း လက်တွေ့တွင် အရပ် သားပြည်သူများ၏ ရပ်ကွက်များအတွင်း ကျရောက် ပေါက်ကွပြီး အပြစ်မဲ့ပြည်သူအများစု ထိခိုက်သေဆုံးကြကြောင်း သိရှိရပါသည်။

#PAN