ကသာမြို့၊ မြို့ဝင်စစ် ဆေးရေးဂိတ်တွင် လုံခြုံ ရေးတပ်ဖွဲ့ကိုအကြမ်းဖက်သောင်းကျန်းသူ PDF များက Drop Bomb ၄ လုံးပစ်ချရာ အရပ်သားပြည်သူ နှစ်ဦး ထိမှန်ဒဏ်ရာရ

သြဂုတ် ၁၈

       ယမန်နေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ကသာမြို့၊ မြို့ဝင်စစ် ဆေးရေးဂိတ်တွင် လုံခြုံရေးတပ်ဖွဲ့မှ လုံခြုံရေးဆောင်ရွက်နေစဉ် အကြမ်းဖက်သမား PDF များက ကသာမြို့ အနောက် မြောက်ဘက် ၄ ဖာလုံခန့်အကွာရှိ တောထဲမှ Droneဖြင့် Drop Bomb ၄ လုံးဖြင့် ပစ်ချတိုက်ခိုက်ရာ ပတ္တမြားရပ်ကွက်သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း သိရသည်။

         ထိုသို့ Drop Bomb ပေါက်ကွဲမှုကြောင့် အရပ် သားပြည်သူများဖြစ်ကြသော မျိုးဝင်းသိန်း၊၂၅ နှစ် တွင် ညာဘက်နားထင်ဗုံးစထိမှန်၍ (မစိုးရိမ်ရ)နှင့် စန်းဝင်း(ခ)ဖိုးချို၊ ၄၉ နှစ်တွင် ညာ ဘက်နောက်ကျောဘက်ခြမ်းတွင် (မစိုးရိမ်ရ) ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

        အကြမ်းဖက်သမား PDF များ၏ Drone များ သည် နယ်မြေလုံခြုံရေးအဖွဲ့၏ Drone Guard များကို ကျော်လွှားနိုင်ရန်နှင့် Drone Gun များဖြင့် ပစ်ချခြင်းမှ လွတ်ကင်းရန် မြေပြင်မှ ပေ ၁၀၀၀၀ ကျော်မှ Drone များပျံသန်းပြီး Drop Bomb များ ပစ်ချရာ ပစ်မှတ်ကို တိကျစွာ မထိမှန်နိုင်ဘဲ အရပ်သားပြည်သူများကိုသာ ထိခိုက်သေဆုံးမှုများ ဖြစ်ပေါ်စေကြောင်း သိရပါ သည်။

#PAN