မန်စီးတီးအသင်း နဲ့ ဆီဗီလာအသင်း ဥရောပစူပါဖလား ဗိုလ်လုမည်

ဩဂုတ် ၁၅

    မြန်မာစံတော်ချိန်အားဖြင့် ဩဂုတ်လ(၁၇)ရက် ကြာသပတေးနံနက် (၁:၃၀) အချိန်မှာ လူဦးရေ သုံးသောင်း သုံးထောင်ကျော် ဝင်ဆံ့တဲ့ အိုလံပီယာကော့စ် ရဲ့ Karaiskakis Stadium မှာ ယှဉ်ပြိုင်ဗိုလ်လုပွဲကစားမှာ ဖြစ်ပါတယ်။

    ဥရောပဖလား ချန်ပီယံ ပထမဆုံးအကြိမ် ရရှိထားတဲ့ မန်စီးတီးတို့အတွက် ပထမဆုံးသော စူပါဖလားပွဲ ယှဉ်ပြိုင်မှုလဲ ​ဖြစ်လာပါတယ်။

    ဒါပေမယ့် ဒီပွဲကစားဖို့ ဂရိနိုင်ငံကို ထွက်ခွာသွားတဲ့ မန်စီးတီးလူစာရင်းမှာ ဒီဘရိုင်း ၊ ဘာနာဒို ၊ ဒီယက်ဇ် စတဲ့ အမာခံတချို့ ပါဝင်လာခြင်း မရှိခဲ့ပါဘူး ။ ဒီယက်ဇ် ဟာ ဒဏ်ရာကြောင့် နားနေရသူ ဖြစ်ပြီး ဒီဘရိူင်း ၊ ဘာနာဒို တို့ကတော့ ပြီးခဲတဲ့ ပွဲမှာမှ ထိခိုက်ဒဏ်ရာရခဲ့လို့ ဒီစူပါဖလားပွဲကို လွဲချော်ခဲ့ရတာဖြစ်ပါတယ်။