မတ္တရာမြို့နယ်၊ပြည်သာယာကျေးရွာ အရှေ့ဘက် လမ်းဘေးတွင် အမည်မသိ အသက် ၄၀နှစ်ခန့်၊အမျိုးသားတစ်ဦးကို လက်ပြန်ကြိုးတုပ်၍ သတ်ဖြတ်ထား

ဩဂုတ် ၁၅

       ယမန်နေ့နေ့ နံနက် ၁၀နာရီခန့်အချိန်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊တောင်ကန်ကျေးရွာအုပ်စု၊ပြည်သာယာကျေးရွာ အရှေ့ဘက်လမ်းဘေး၌ အမျိုးသားတစ်ဉီး ဓါးဒဏ်ရာများဖြင့် သေဆုံးနေကြောင်း သတင်းအရ သက် ဆိုင်ရာ လုံခြုံရေးတာဝန်ရှိသူများမှ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

       လုံခြုံရေးတာဝန်ရှိသူများ အခင်းဖြစ်နေရာအရောက်တွင် လမ်းဘေး၌ အမည်မသိ၊အသက် ၄၀နှစ်ခန့်၊အမျိုးသားတစ်ဉီးအား မီးခိုးရောင်နိူင်လွန်ကြိုးဖြင့် လက်ပြန်ကြိုးတုပ်ကာ မျက်လုံးအား ပုဆိုးစဖြင့်စီးထားပြီး ပါးစပ်တွင် တိပ်အဝါရောင်ပတ်လျက်သေဆုံးလျှက်ရှိကြောင်းသိရသည်။

       ဆက်လက်စစ်ဆေးရာ ၄င်းသေဆုံးသူအလောင်းတွင် လည်ပင်းပြတ်ရှဒဏ်ရာ ၁ ချက်၊ဝဲ-ရင်အုံ ထိုးသွင်းဒဏ်ရာ ၅ ချက်၊ယာ-ရင်အုံ ထိုးသွင်းဒဏ်ရာ ၂ ချက်၊ဝဲ/ယာ ခြေသလုံးမှပေါင်ထိ ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးနေသည်ကိုတွေ့ရပြီး သက်ဆိုင်ရာလုံခြုံရေးအဖွဲ့မှ ဆက်လက်စစ်ဆေးဖော်ထုတ်ပြီး တရားခံဖမ်းဆီးရမိရေး အမှုဖွင့် အရေးယူဆောင်ရွက်သွားမည် ဖြစ်ကြောင်းသတင်းရရှိပါသည်။

#PAN