မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာတွင် စာသင်ဆောင်များကို မီးရှို့ပြီး အပြစ်မဲ့ပြည်သူ ၄ ဦးကိုပစ်ခတ်သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်အဖွဲ့ PDF များကို နယ်မြေခံစစ်ကြောင်းက ရှင်းလင်း တိုက်ခိုက်ရာ အကြမ်းဖက် သမား PDF ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

သြဂုတ် ၁၄

      သြဂုတ် ၁၁ ရက်နေ့ ည ၈ က စိစစ်ဆဲအကြမ်းဖက်သမား PDF ၈ ဦးခန့်က ဆိုင်ကယ် ၄ စီးခန့်ဖြင့် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ မင်းရွာသို့ ရောက်ရှိလာပြီး အထက်တန်း ကျောင်း၊ ကျောင်းဝန်းအတွင်းရှိ စာသင်ဆောင် ၂ ဆောင်နှင့် ဆရာ/ဆရာမ နားနေဆောင် ၁ ဆောင်တို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦး အပါအဝင် အပြစ်မဲ့ပြည်သူ ၄ ဦးကိုပစ်ခတ်သတ်ဖြတ်ပြီး သြဂုတ်လ ၁၂ ရက်နေ့ နံနက်တွင် ၎င်း သေဆုံးသူများ၏ ရုပ်အလောင်းများကို သယ်ယူလာသော လုံခြုံရေးယာဥ်နှင့် လူမှုကူညီရေးယာဥ်တိုကို ၎င်းအကြမ်းဖက်သမားများက ထပ်မံ၍ မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ဖြစ်စဥ် ဖြစ်ပွားခဲ့ကြောင်း သတင်းထုတ်ပြန်ပြီးဖြစ်ပါသည်။

       အဆိုပါ ဖြစ်စဥ်တွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်ခဲ့သော လူသတ်အကြမ်းဖက်အဖွဲ့ PDF များ ကို နွားထိုးကြီးမြို့နယ်၊ မာန်လည်ကျေးရွာတွင် အခြေပြုထားသည့် လုံခြုံရေးစစ်ကြောင်းက နယ်မြေပိတ်ဆို့ရှင်းလင်းလျှက်ရှိရာ ယမန်နေ့ မွန်းလွဲ ၄ နာရီအချိန်ခန့်တွင် နွားထိုးကြီးမြို့နယ်၊သူစိုးကျေးရွာ အရှေ့ဘက် ၁မိုင်ခွဲခန့်အကွာ၊ ကန်နားကျေးရွာ၏အနောက်ဘက် မီတာ ၅၀၀ခန့်အကွာရှိ ကန္တာရတောသို့ အရောက်တွင် အကြမ်းဖက် PDF ၅ဦးက လက်နက်ငယ်များဖြင့် စတင်ခြောင်းမြောင်းပစ်ခတ်သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များမှ ပြန်လှန်ပစ်ခတ်ခဲ့ရာ ၄ နာရီ ၂၀ မိနစ်အချိန်ခန့်တွင် အ​ကြမ်းဖက်သမားPDF များ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

         ထိုသို့ PDF များ ဆုတ်ခွာထွက်ပြေးရာသို့ လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုက်လံရှင်းလင်းခဲ့ရာ တောရဘုန်းကြီးကျောင်းအနီး ထန်းရွက်မိုး၊ထန်းရွက်ကာတဲ ၁ လုံး တွေ့ရှိ၍ ပစ်ခတ်ရှင်းလင်းခဲ့ရာ အကြမ်းဖက်သမား PDF ၂ ဦးကို မောင်းပြန်ရိုင် ဖယ်အရှည်(အမျိုးအစားစီစစ်ဆဲ) ၃ လက် ၊ ပစ္စတို(အမျိုးအစားစီစစ်ဆဲ) ၁လက်၊မောင်းပြန်ရိုင်ဖယ်ကျည်အိမ် ၁၇ ခု၊ ပစ္စတိုကျည်အိမ် ၁ ခု၊ အီနာဂါဗုံးသီး ၂ လုံး၊ CYT icom ၂ လုံး၊ ၄၀-မမ ဗုံးသီး ၁၂လုံး၊ ကြိုးဆွဲလက်ပစ်ဗုံး ၂ လုံး၊ လက် ပစ်ဗုံး ၇ လုံး၊ ကျည်မျိုးစုံ ၁၂၉၇ တောင့်၊ ရီမုကွန်ထရိုး  ၁ခု တို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN