သြဂုတ် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ချောင်းဦးမြို့၊ မြို့သစ်ရပ်ကွက်၊ နွယ်ခွေကျေးရွာသွား ကားလမ်းပေါ်၌ PDF အမည်ခံ လူသတ်အကြမ်းဖက်အဖွဲ့က အရပ် သားပြည်သူ ယာဥ်မောင်း တစ်ဦးကို ခေါင်းဖြတ်သတ်သွားခဲ့ကြောင်း ရဲတပ်ဖွဲ့သတင်းအရ သိရသည်။
သေဆုံးသူမှာ ချောင်းဦးမြို့နယ်၊ မင်းတည်ကျေး ရွာတွင်နေထိုင်သည့် အောင်ကျော်မိုး (ခ) ရင်မောင်ဇင်၊ (ဘ) ဦးစိုးမြင့် ဖြစ်ကြောင်း သိရပြီး မုံရွာ- မန္တလေး ကုန်တင်ကားမောင်းနှင်သူဖြစ်သည်ဟုဆိုသည်။
၎င်းသည် လွန်ခဲ့သော ၃ ရက်ခန့်ကတည်း က မော်တော်ယာဥ်နှင့်အတူ အကြမ်းဖက်သမား PDF များ၏ ဖမ်းဆီးခြင်းခံရပြီးနောက် အဆက် အသွယ်ပြတ်တောက်နေရာ ယနေ့ နံနက် ၈ နာရီခွဲအချိန်ကမှ ၎င်း၏ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ခြင်းဖြစ် ကြောင်း သတင်းရရှိသည်။
အဆိုပါ သတ်ဖြတ်ခံရသူ ကုန်တင်ယာဥ်မောင်းနှင်သူ အောင်ကျော်မိုး (ခ) ရင်မောင်ဇင် သည် သာမန်ပြည်သူတစ်ဦးသာဖြစ်ပြီး မည်သည့် အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှုမရှိကြောင်း သိရသည်။
ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်း ညွှန်မှုများကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များသည် စစ်အာဏာရှင်တော်လှန်ရေးဟု ဘန်းပြပြီး တစ်ဘက်တွင် ဓားပြတိုက်၊ လူသတ် စသည့် အကြမ်းဖက်လုပ်ရပ်များသာ ကျူးလွန်နေကြကြောင်း၊ ၎င်းအကြမ်းဖက် PDF များသည် အပြစ်မဲ့ပြည်သူပေါင်း ထောင်နှင့်ချီ၍ ခေါင်းစဥ်အမျိုမျိုးဖြင့် သတ်ဖြတ်ခဲ့ကြသည်ကို ယခုအခါ ပြည်သူအများစုက သဘောပေါက်နားလည်ကြပြီး ၎င်းအကြမ်း ဖက်အဖွဲ့များကို တစ်နေ့တစ်ခြား ရွံရှာစက်ဆုပ်မုန်းတီးလာကြကြောင်း သိရသည်။
#PAN