မုံရွာမြို့တွင် ကိုယ်ဝန် ၇ လ အရင့်အမာနှင့် အမျိုးသမီးကို Guardian Force လူသတ်အကြမ်းဖက် အဖွဲ့က ဒလန်ဟုသော စွပ်စွဲချက်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဩဂုတ် ၁၁

    စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ထန်းတောရပ်ကွက်၊ အင်ကြင်းလမ်းဘေးရှိ ‘ရွှေလမင်း’ ထမင်း ဆိုင်နေ မအေးငြိမ်းသူ၊၂၅ နှစ်၊ (ဘ)ဦးတင်ထွန်း၊ မှီခို သည် နေအိမ်တွင် ရှိနေစဥ် ​ယမန်နေ့ မွန်းလွဲ ၃ နာရီအချိန်တွင် မုံရွာ UGလက်နက်ကိုင်အဖွဲ့ဖြစ်သော Guardian Force အဖွဲ့မှ လူသတ် အကြမ်းဖက် PDF အင်အား ၆ ဦး ခန့်က လာရောက်ပြီး ဒလန်ဟု စွပ်စွဲ ချက်ဖြင့် သေနတ်ဖြင့် ၂ ချက် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရပါသည်။

     ထိုသို့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် မအေးငြိမ်းသူမှာ နေရာတွင် သေဆုံးခဲ့ကြောင်း၊ အဆိုပါ လူသတ်အကြမ်းဖက်အဖွဲ့သည် ဖုန်း နှစ်လုံး ၊ ဆိုင်ကယ် (ကလစ်)တစ်စီးတို့ကို ယူဆောင်ပြီး ထွက်ပြေးသွားကြောင်း သိရပါသည်။

      ဖြစ်စဥ်မှာ အဆိုပါ အခင်းဖြစ်နေရာ ‘ရွှေလမင်း’ ထမင်းဆိုင်တွင် ကိုလမင်းထွန်း၊ ၂၇ နှစ်၊ (ဘ)ဦးတင်စိုး၊ (ထမင်းဆိုင်လုပ်ငန်း)သည် မိခင် ဖြစ်သူ ဒေါ်တင်တင်မြတ်၊ ၅၃ နှစ်၊ (ဘ)ဦးဘမြင့်၊ ဗမာ/ဗုဒ္ဓ၊ မှီခို နှင့် ခယ်မဖြစ်သူ မအေးငြိမ်းသူတို့နှင့်အတူ နေအိမ်၌ရှိနေစဉ် ၎င်း အကြမ်းဖက်အုပ်စု PDF အဖွဲ့ဝင်(စိစစ်ဆဲ) ၆ ဦးက ပြည် ထောင်စုလမ်းမှ အင်းဖြတ်လမ်းအတိုင်း နံပါတ်မပါ ရုပ်ဆိုးအမျိုးအစား ဆိုင်ကယ် ၂ စီး၊ CZI ဆိုင်ကယ် ၁ စီးဖြင့် Mask များတပ်လျက် ရောက်ရှိလာပြီး ၃ ဦးမှ လက်နက်ငယ်(စိစစ်ဆဲ) ၃ လက်အား ကိုင်ဆောင်၍ နေအိမ်တံခါးဖွင့်ပေးရန်ပြောရာ ကိုလမင်းထွန်းမှ နေအိမ်တံခါးအား ဖွင့်ပေးစဉ် စစ်ဆေးရန် ရှိကြောင်းပြောပြီး နေအိမ်အတွင်းတွင် စုထိုင်ခိုင်းကာ ဆိုင်းအတွင်းရှိ ၃၆ယ/၆၆၁၆၆ Honda Click 125 အမျိုးအစား ကျောက်ပြာရောင် မော်တော်ဆိုင်ကယ် ၁ စီး(ကာလတန်ဖိုး-၂၄ သိန်းကျပ်ခန့်)အား ၁ ဦးမှ တွန်းယူပြီး ကျန် ၁ ဦးသည် မအေးငြိမ်းသူထံမှ I phone 13 pro (အစိမ်းရောင်)ဖုန်း (ကာလတန် ဖိုး -၁၈ သိန်းကျပ်ခန့်)အား ထပ်မံလုယူခဲ့ရာ မအေးငြိမ်းသူမှ မပေးဘဲပြန်လုစဉ် မအေးငြိမ်းသူအား လက်နက်ငယ်(စိစစ်ဆဲ)ဖြင့် ဦးခေါင်းအား ပစ်ခတ်ခဲ့သဖြင့် ဝဲနားထင်ဖောက်ဝင်ဒဏ်ရာ ၁ ချက် ရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ ဒေါ်တင်တင်မြတ်မှ ပတ်ဝန်းကျင်အား အော်ဟစ်အကူအညီတောင်းသဖြင့် ဒေါ်တင်တင်မြတ် အား ထပ်မံပစ်ခတ်ခဲ့ရာ ဒေါ်တင်တင်မြတ်တွင် ဝဲဂျိုစောင်းရှပ်ထိဒဏ်ရာ ၁ ချက်၊ ယာလက်ညှိုးရှပ်ထိဒဏ်ရာ ၁ ချက်တို့ရရှိခဲ့ပြီး အကြမ်းဖက်အုပ်စု PDF အဖွဲ့မှ ဖုန်းနှင့်ဆိုင်ကယ်အားလုယူ၍ ၎င်းတို့စီးနင်းလာသော ဆိုင်ကယ်များနှင့်အတူ အင်းကြင်းလမ်းမှ သမ္မစိတ္တလမ်းအတိုင်း လယ်ဇင်ကျေးရွာဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သတင်းရရှိပါသည်

      သေဆုံးသူ မအေးငြိမ်းသူမှာ သာမန်ပြည်သူ တစ်ဦးသာဖြစ်ပြီး မည်သည့် အဖွဲ့အစည်းနှင့်မျှ ပတ်သက်မှု မရှိကြောင်း၊ ၎င်းမှာ ကိုယ်ဝန် ၇ လဖြင့် ကိုယ်ဝန်အရင့်အမာနှင့်ဖြစ်ကြောင်း၊ ၎င်းမှာ ယမန်နှစ် ဇွန်လ ၁ ရက်နေ့တွင် မင်္ဂလာဆောင်ခဲ့ကြောင်း ၎င်း၏ Facebook စာမျက်နှာ အချက် အလက်များအရ သိရသည်။

     လူသတ်အကြမ်းဖက်များက မမိစံ ဆိုသူအမျိုးသမီးတစ်ဦး၏ မအေးငြိမ်းသူ မှာ စစ်တပ်ဒလန်ဖြစ်ကြောင်း သတင်းပို့လာမှုကြောင့် ယခုလိုသတ်ဖြတ်ခြင်းဖြစ်ကြောင်း အကြမ်းဖက် PDF အဖွဲ့အချင်းချင်း စစ်ဆေးမေးမြန်းနေသည့် ရုပ်သံဖိုင်အရ သိရှိရကြောင်း၊ အဆိုပါ လူသတ်အကြမ်းဖက် PDF များသည်  အခြားသူများ၏ ချောက်ချတိုင်တန်းမှုများကို စိစစ်မှုမရှိဘဲ သာမန်ပြည်သူများကို ယခုလို ကိုယ်ဝန်အရင့်အမာနှင့် အမျိုးသမီးကိုပင် လူမဆန်စွာ လွယ်လင့်တကူ သတ်ဖြတ်နေကြကြောင်း၊ ၎င်းတို့၏ ရက်စက်ယုတ်မာမှုများကို ပြည်သူများက သိရှိလာကြပြီး လက်ခံခြင်း မရှိတော့ကြောင်း သိရပါသည်။

#PAN