ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာနေ၊ သာမန်ပြည်သူတစ်ဦးဖြစ်သူ ကိုဇာနည်မောင်ကို လူသတ်အကြမ်းဖက်သမား PDF အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားရာမှ ကယ်တင်နိုင်ခဲ့

ဩဂုတ် ၁၁

      ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ လက်ပံသာကျေးရွာနေ၊ သာမန်ပြည်သူတစ်ဦးဖြစ်သူကိုဇာနည်မောင်၊ ၂၅ နှစ်၊ (ဘ)ဦးကြည်စိုးသည် ၎င်း၏ နေအိမ်၌ရှိနေစဥ် လူသတ်အကြမ်းဖက် သမား PDF ၃ ဦး၊ ဆိုင်ကယ် ၂ စီးဖြင့် ရောက်ရှိလာပြီး ကိုဇာနည်မောင် ကို ဓါးဖြင့်ထောက်၍ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါသည်။

      ထိုသို့ ကိုဇာနည်မောင် ကို ဖမ်းဆီးခေါ်ဆောင် သွားကြောင်း သတင်းရလျှင်ရချင်း လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်သမား PDF များနောက်သို့ လိုက်လံရှင်းလင်းခဲ့ရာ အကြမ်းဖက် သမားများ PDF များ ထွက်ပြေးသွားပြီး ကိုဇာနည်မောင်ကို  ကယ်တင်နိုင်ခဲ့ကြောင်း ကိုဇာနည်မောင်မှာ အကြမ်းဖက်သမားများ ဖမ်းဆီးခေါ်ဆောင်သွားစဥ်က ဓါးဒဏ်ရာများ ရရှိခဲ့သဖြင့် ဆေးကုသမှု ခံယူလျှက်ကြောင်း သတင်းရရှိပါသည်။

#PAN