အလုံမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် လုံး ပတ် ၅ပေခန့်၊ အမြင့် ၄၀ ပေခန့်ရှိ ညောင်ပင်မှာ အနီးရှိ ထမင်းဆိုင်၏ အဖီအဆောက်အဦးအပေါ်လဲကျမှုကြောင့် အမျိုးသားတစ်ဦး စိုးရိမ်ရ ဒဏ်ရာ ရရှိခဲ့

ဩဂုတ် ၈

     ယနေ့ နံနက် ၆ နာရီအချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်အတွင်း မိုးရွာသွန်းမှုကြောင့် ဌာနာရပ်ကွက်၊ အလုံလမ်း၊ ဌာနာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဘေး၊ ဗန်ဒါရိပ်ထမင်းဆိုင် အနောက်ဘက်ရှိ လုံးပတ် ၅ပေခန့်၊ အမြင့် ၄၀ ပေခန့်ရှိ ညောင်ပင်မှာ အမြစ်မှကျွတ်ထွက်ပြီး အဆိုပါ ထမင်းဆိုင်အနောက်ဘက်ရှိ သွပ်မိုး၊ ထရံကာ အဖီပေါ်သို့ လဲကျခဲ့​​ကြောင်း သိရသည်။

      ထိုသို့ ညောင်ပင် လဲပြိုမှု့ကြောင့် ဗန်ဒါရိပ်ထမင်းဆိုင်၏ အဖီအဆောက်အဦးမှာ ပျက်ဆီးခဲ့ပြီး အဖီအဆောက်အဦးတွင် ညအိပ်နေထိုင်သည့် ဗန်ဒါရိပ်ထမင်းဆိုင်အလုပ်သမား ဦးဝင်းဌေးဦး၊  ၄၁ နှစ်၊ (ဘ)ဦးလှဝင်း၌ ဦးခေါင်းဝဲဘက် ထိခိုက်ဒဏ်ရာ၊ ဝမ်းဗိုက် ယာဘက် ထိခိုက်ဒဏ်ရာ(စိုးရိမ်ရ)ရရှိခဲ့သဖြင့် ဒဏ်ရာရရှိသူ ဦးဝင်းဌေးဦး ကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ကြီးလေးကြီး လူမှုကူညီရေးအသင်းကားဖြင့် ပို့ဆောင်ပေးခဲ့ပြီး လဲကျနေသည့်သစ်ပင်အား ရပ်ကွက်​နေပြည်သူပူးပေါင်းအဖွဲ့မှ  ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN