ဟားခါးမြို့၊ ပြည်​​​တော်သာရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ၃ ထပ်ဆောင်​ကျောင်း​ဆောင်တစ်ခု မီး​လောင်မှုဖြစ်ပွား​

ဩဂုတ် ၆

       ယမန်နေ့ ည​နေ ၆ နာရီခွဲအချိန်ခန့်တွင် ချင်း ပြည်နယ်၊ ဟားခါးမြို့၊ ပြည်​​​တော်သာရပ်ကွက်ရှိ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းရှိ ၃ ထပ်ဆောင်​ကျောင်း​ဆောင်တစ်ခု မီး​လောင်မှုဖြစ်ပွား​ကြောင်းသိရပါသည်။

      မီးလောင်ရသည့်အကြောင်းရင်းနှင့် အသေး စိတ်သတင်းအချက်အလက်များ မသိရှိရသေးကြောင်း၊ အဆိုပါ​ကျောင်းတွင် လက်ရှိ မူလတန်း၊အလယ်တန်း​၊ အထက်တန်းကျောင်းသား/သူ ​ပေါင်း ၄၀၅ ဦး ပညာကြားလျက်ရှိ​ကြောင်းသိရသည်။

#PAN