နွားထိုးကြီးမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦး စာသင်နေစဥ် လူသတ်အကြမ်းဖက် PDF နှစ်ဦးက လာရောက်ခေါ်ယူပြီး ကျောင်းဝန်းအရှေ့တွင် သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

သြဂုတ် ၆

   မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ခက်လန်းကျေးရွာအုပ်စု၊မြိုင်သာကျေးရွာအမကကျောင်းဝင်း၏ အရှေ့ ၁၅ကိုက်အကွာတွင် ဒေါ်နန်းလှဝင်း၊၅၀နှစ်၊(ဘ)ဦးဆော့၊ကျောင်းဆရာမ၊မူ/ပြ၊ယာယီကျောင်းတာဝန်ခံ၊မြိုင်သာကျေးရွာ၊ခက်လန်းကျေးရွာအုပ်စု၊နွားထိုးကြီးမြို့နယ်နေသူကို စိစစ်ဆဲ လူသတ်အကြမ်းဖက် PDF နှစ်ဦးက ယနေ့ နံနက် ၉ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် သေ နတ်ဖြင့် ပစ်ခတ်သတ်ဖြတ်သွားကြောင်း သိရပါသည်။

     ထိုသို့ သေနတ်ဖြင့် ပစ်ခတ်မှုကြောင့် ဒေါ်နန်းလှဝင်း တွင် ယာဘက်နားနောက် ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်၊ယာဘက်ပုခုံး ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်တို့ဖြင့် အခင်းဖြစ်နေရာတွင် သေ ဆုံးခဲ့ကြောင်း၊ အခင်းဖြစ်နေရာအနီးမှ THAI ARMS ကျည်ခွံ ၂ခုတွေ့ရှိခဲ့ရကြောင်း သိရသည်။

     ဖြစ်စဥ်မှာ သေဆုံးသူ ဒေါ်နန်းလှဝင်းသည် အမက(မြိုင်သာ) ကျောင်းဝင်းအတွင်းရှိ G-4 ကျောင်းသား/သူ များကို စာသင်နေစဥ် အဆိုပါလူသတ်အကြမ်းဖက် PDF နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် ရောက်ရှိလာပြီး ဒေါ်နန်းလှဝင်းအား ကျောင်းဝင်းအပြင်သို့ ခေါ်ထုတ်သွားကာ ကျောင်းဝင်းအပြင်ဖက် ၁၅ ကိုက်အကွာတွင် သေနတ်ဖြင့်ပစ်သတ်ပြီး တောင်သာမြို့ဘက်သို့ မောင်းနှင်ထွက်ပြေးသွားကြောင်း သတင်းရရှိပါသည်။

     ပြည်ပြေးအကြမ်းဖက်ဂိုဏ်းချုပ် NUG ရဲ့ လမ်းညွှန်မှုတွေကို အကောင်အထည်ဖော်ပေးနေသည့် ပြည်တွင်းအကြမ်းဖက် PDF များက လုပ် ဆောင်နေသည့် အကြမ်းဖက်လုပ်ရပ်များထဲမှ အယုတ်မာဆုံးလုပ်ရပ်မှာ တိုင်းပြည်၏ အနာဂါတ်ကလေးငယ်များ၏ ဘဝရပ်တည်ရေးအတွက် ပညာသင်ကြားရေးကို ဖျက်ဆီးနေသည့်လုပ်ရပ်ဖြစ်ကြောင်း၊ ယခုလို အပြစ်မဲ့ ဆရာမတစ်ဦးကို CDM မလုပ်၍ဟူသော စွပ်စွဲချက်ဖြင့် သတ်ဖြတ်ခြင်းသည် လူ့ယဥ်ကျေးမှုမရှိသော အရိုင်းအစိုင်းလုပ်ရပ်သာဖြစ်ကြောင်း၊ ဒေသခံပြည်သူများက အဆိုပါ လူသတ်အကြမ်းဖက်သမားများအပေါ် လွန်စွာရွံရှာမုန်းတီးနေကြကြောင်း သိရပါသည်။

#PAN