KNU တပ်မဟာ (၁) နယ်မြေ၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ အေးချမ်းစွာနေထိုင်လိုသော PDF ၁၄ ဦး နယ်မြေခံတပ်နယ်တွင် အလင်းဝင်ရောက်လာခဲ့

သြဂုတ် ၄

     ဇူလိုင်လ ၂၀ ရက်နေ့တွင် အကြမ်းဖက်သောင်းကျန်းသူ KNU တပ်မဟာ(၁) နယ်မြေ၊ မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း ရဲပြေး အေးမင်းထွန်း၏ လက်အောက်တွင် အလုပ်လုပ်ခဲ့သော PDF ၁၄ ဦးမှ အကြမ်းဖက်မှုများ မပြုလုပ်လိုတော့ကြောင်းနှင့် အေးချမ်းစွာနေထိုင်လိုကြောင်း လုံခြုံရေးအဖွဲ့ဝင်များထံ ဆက်သွယ်လာခဲ့သည်ဟု သိရှိရသည်။

       ဆက်သွယ်လာသော သတင်းအချက်အလက်များရရှိပြီးနောက် ဇူလိုင်လ ၂၆ ရက်နေ့တွင် PDF ၁၄ ဦးမှ RPG ၁ လက်၊ခွင်းကျည် ၁ တောင့်၊ တင့်ဖျက်ကျည် ၁ တောင့်၊ အီတလီနိုင်ငံထုတ် ၉ မမ ပစ္စတို ၁ လက်၊ ကျည်အိမ် ၂ ခု၊ ၎င်းကျည် ၂၀ တောင့်တို့နှင့်အတူ နယ်မြေခံတပ်နယ်တွင် အလင်းဝင်ရောက်လာခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN