“ပြင်သစ်နိုင်ငံ၏ စိီးပွားရေးဝန်ကြီးဟောင်း ကို ပြင်သစ်သမ္မတ Macron က EU ကော်မရှင်ဥက္ကဋ္ဌ ရာထူးနေရာ ဖြစ်လာနိုင်ရေးကို ငြင်းဆိုပယ်ချခဲ့”

သြဂုတ် ၄

ပြင်သစ်နိုင်ငံ Macron က ပြင်သစ်နိုင်ငံ၏ စီးပွားရေးဝန်ကြီးဟောင်း Breton ကို EU ကော်မရှင်အကြီးအကဲဖြစ်လာနိုင်ရေးကို ငြင်းဆိုခဲ့ကြောင်း အမေရိကန် သတင်းစာ တစ်စောင်က ပြီးခဲ့သည့် သြဂုတ်လ၃ရက် ကြာသပတေးနေ့တွင် ဖော်ပြခဲ့ပြီး Breton သည် EU ကော်မရှင် ဥက္ကဋ္ဌUrsula von der Leyen ရာထူးနေရာ အား အစားထိုးလိုသည်ဟု ဥရောပသမဂ္ဂမှ အဆင့်မြင့်အရာရှိများ၏ ပြောကြားချက်ကို ရည်ညွှန်းပြီး ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က အမေရိကန် သတင်းစာတစ်ခုတွင် ဖော်ပြခဲ့ ပြီးလည်းဖြစ်ပါတယ်။

ဒီလိုလုပ်ဆောင်ဖို့အတွက် Bretonက ဥရောပခေါင်းဆောင်အားလုံးရဲ့ ထောက်ခံမှုကို စုဆောင်းရမှာဖြစ်ပြီး ဥရောပပါလီမန်ရဲ့ ခွင့်ပြုချက်များရယူဖို့ လိုအပ်တယ်လို့ အဆိုပါ သတင်းစာက ဆိုပါထားတယ်။

ဥရောပကော်မရှင်အဖွဲ့အစည်း၏ အကြီးအကဲအသစ်အဖြစ် Breton ကို ပြင်သစ်သမ္မတက လက်ခံရန် ဆန္ဒမရှိခြင်းသည် Breton ၏ ကုမ္ပဏီဟောင်း ဖြစ်သည့် အိုင်တီ ကုမ္ပဏီကြီး Atos နှင့် ဆက်စပ် မှုရှိနိုင် သည်ဟု အဆိုပါ မဂ္ဂဇင်းက ဖော်ပြထားပါတယ်။