မတ္တရာမြို့နယ်တွင်  လူသတ်အကြမ်းဖက် PDF လင်မယားနှစ်ဦး စည်ပင်ရုံးအား ဖောက်ခွဲရန် ဆိုင်ကယ်ဖြင့် စီးနင်းလာစဥ် သယ်ဆောင်လာသောဗုံးပေါက်ကွဲ

သြဂုတ် ၃

        ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင်  လူသတ်အကြမ်းဖက် PDF အဖွဲ့မှ ဇော်လေးနှင့် ဇနီးစန္ဒာနှင်းတို့သည် မတ္တရာမြို့နယ်၊စည်ပင်ရုံးအား ဖောက်ခွဲရန် ဆိုင်ကယ်အတွင်း ဗုံးထည့်သယ်ဆောင်လာစဥ် မြို့နယ်စည်ပင်ရုံးအနောက်ဘက် လမ်းကြားအရောက်တွင် ဆိုင်ကယ်အတွင်းထည့်၍ သယ်ဆောင်လာသောဗုံးမှာ ပေါက်ကွဲခဲ့ကြောင်း သိရသည်။

      ထိုသို့ ဗုံးပေါက်ကွဲမှုကြောင့် စန္ဒာနှင်းမှာအခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး ဇော်လေးမှာ ပြင်းထန်ဒဏ်ရာရရှိသဖြင့် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဥ် သေဆုံးသွားခဲ့သည်။

      သေဆုံးသူ အကြမ်းဖက် PDF အဖွဲ့မှ ဇော်လေးမှာ မန္တလေးဘက်မှ မတ္တရာမြို့သို့အဝင်ရှိ သပြေရိပ် စားသောက်ဆိုင်ပိုင်ရှင် ဦးကျော်အောင်၏ညီတော်စပ်ပြီး အမှုနှင့်ဆက်စပ်တရားခံများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN