ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ် နာဆာအသင်းက ဆာဒီယို မာနေး ကို ခေါ်ယူကြောင်း ကြေညာ

ဩဂုတ် ၂

    ဆော်ဒီ ပရိုလိဂ် ကလပ် အယ်လ် နာဆာအသင်းက ဘိုင်ယန်မြူးနစ်အသင်းရဲ့ ဆီနီဂေါ တိုက်စစ် ကစားသမား ဆာဒီယို မာနေး (၃၁ နှစ်) အား ပြောင်းရွှေ့ကြေး ပေါင် (၂၄)သန်းနဲ့ ၂၀၂၇ ခုနှစ်အထိ သက်တမ်းရှိမည့် (၄)နှစ် စာချုပ်ချုပ်ဆိုခဲ့ကြောင်း တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။

   မာနေးက အယ်လ် နာဆာအသင်းမှာ တစ်ပတ် လုပ်ခ ပေါင် (၆၅၀၀၀၀)အထိ ရရှိသွားမှာဖြစ်ပြီး ပေါင် (၃၄.၃၇)သန်း ကိုလည်း တစ်နှစ် လုပ်ခအဖြစ် ရရှိသွားပါမယ်။ ဒါက မာနေးကို အာဖရိကရဲ့ လုပ်ခ အများဆုံး ဘောလုံးသမား တစ်ဦးပါ ဖြစ်စေခဲ့သလို လက်ရှိ ကမ္ဘာ့ လုပ်ခ အများဆုံး ဘောလုံးသမားတွေထဲမှာလည်း တစ်ဦးအပါအဝင် ဖြစ်လာစေပါတယ်။

    ပြီးခဲ့သည့်ရာသီကပေါ်တူဂီဝါရင့်တိုက်စစ်မှူး စီရော်နယ်လ်ဒိုအား ခေါ်ယူထားသည့် အယ်လ်နာဆာအသင်းဟာ ယခုအပြောင်းအရွှေ့ကာလအတွင်း ဘရိုဇိုဗစ်၊ အဲလက်စ်တဲလက်စ်၊ ဆီကိုဖိုဖာနာနှင့် မာနေးအစရှိသည့် ဥရောပအခြေစိုက် နာမည်ကျော်ကစားသမားများကိ ဆက်တိုက်ခေါ်ယူထားပါတယ်။

Photos: AlNassr