အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF အဖွဲ့များ ခိုအောင်းနေသည့် KNLA တပ်မဟာ (၂) ရင်း(၆)၏စခန်းကို တပ်မတော်စစ်ကြောင်းများက တိုက်ခိုက်သိမ်းပိုက်၊ လက်နက်ငယ် ၆၀ လက်သိမ်းဆည်းရမိ

သြဂုတ် ၁

       ကရင်ပြည်နယ်၊ ရှားစေးဘိုစခန်း၏ အရှေ့ မြောက်ဘက်တွင် အကြမ်းဖက်သောင်းကျန်းသူ KNLA တပ်မဟာ(၂)၊ ရင်း(၆)နှင့် လူသတ်အကြမ်းဖက် PDF များ ခိုအောင်းနေကြောင်း သတင်းရရှိသည့်အတွက် တပ်မတော်စစ်ကြောင်းများမှ ဇူလိုင်လ ၂၈ ရက်နေ့က သွားရောက်ချေ မှုန်းရှင်းလင်းခဲ့ရာ မိနစ် ၄၀ ခန့် တိုက်ပွဲဖြစ်ပွားပြီး KNLA+PDFများ ဆုတ်ခွာထွက်ပြေးသွားခဲ့ပါသည်။

        အဆိုပါ ဆုတ်ခွာထွက်ပြေးသွားသော အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF အဖွဲ့များကို တပ်မတော်စစ်ကြောင်းများမှ ၎င်းနေ့ ညအချိန်ထိ ထပ်ချပ်လိုက်လံ ချေမှုန်းခဲ့ရာ ဇူလိုင်လ ၂၉ ရက်နေ့ နံနက် ၅ နာရီအချိန်ခန့်တွင် အကြမ်းဖက်သမားများ အခြေပြုနေသည့် စခန်းကိုတွေ့ရှိသည့်အတွက် စခန်းသိမ်းတိုက်ပွဲဆင်နွှဲခဲ့ကြောင်း၊ ၎င်း အကြမ်းဖက်သောင်းကျန်းသူအခြေပြုစခန်းကို ယင်းနေ့ နံနက် ၈ နာရီ ၂၀ မိနစ်တွင် သိမ်းပိုက်နိုင်ခဲ့ကြောင်း သိရပါသည်။

       ဖြစ်စဥ်တွင် အကြမ်းဖက်သောင်းကျန်းသူ KNLA နှင့် PDF များ၏ စခန်းကုန်းရှိ လက်နက် တိုက်မှ FGC-9 MKII ၆၀ လက်၊ ကျည်အိမ်     ၁၂၀ ခု၊ ၁၂ ဗို့ကျည်   ၉၉၂ တောင့်၊ ၉မမကျည်  ၂၇၀၈ တောင့် တို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN