“ရုရှား သမ္မတက မိမိတို့သည် စစ်ပွဲများ အတွက် မည်သည့်အခြေအနေကိစ္စရပ်ကိုမဆို အဆင့်သင့်ရှိနေကြောင်း နှင့် အမေရိကန်နိုင်ငံ နှင့် စစ်ရေးအရ တိုက်ရိုက် တွေ့ဆုံရန် လောလောဆယ် မလိုလားသေးကြောင်း ပြောကြားခဲ့”

ဇူလိုင် ၃၁

ရုရှားနိုင်ငံသည် မည်သည့်အခြေအနေ ကိစ္စရပ်အတွက်မဆို အဆင်သင့်ရှိနေသော်လည်း အမေရိကန်နိုင်ငံ နှင့် စစ်ရေးအရ တိုက်ရိုက် ထိပ်တိုက်တွေ့ဆုံရန် မလိုလားသေးကြောင်း ဆီးရီးယားနိုင်ငံတွင် မကြာသေးမှီအချိန်က ဖြစ်ပွားခဲ့သည့် အမေရိကန်၏ ရန်စမှုများ နှင့်ပတ်သက်ပြီး သတင်းဌာနများက မေးမြန်းရာတွင် ရုရှား သမ္မတ ဗလာဒီမာပူတင် က ပြောကြားခဲ့တာဖြစ်ပါတယ်။

“မည်သည့်အခြေအနေအတွက်မဆို ကျနော်တို့အမြဲအဆင်သင့်ရှိပါတယ်၊ အမေရိကန်ဘက်မှ အစပြုခဲ့တဲ့ ဤပဋိပက္ခများကို တားဆီးရန် အထူး စစ်ဆင်ရေး တစ်ခု ဖန်တီးခဲ့ဖူးပါတယ်။ မည်သည့်အကျပ်အတည်းအခြေအနေမျိုးတွင်မဆို ထိပ်တိုက်ရင်ဆိုင်လိုခြင်းမရှိကြောင်း ကျနော်တို့ ပြသပြီးထားပါ” လို့ သမ္မတ ပူတင်က သတင်းထောက်များအား ပြောကြား ခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားနိုင်ငံ ဘက်မှ ပြောကြားချက်အရ ယခုနှစ် အစပိုင်းမှစတင်၍ အမေရိကန်ဦးဆောင်သော NATOအဖွဲ့၏ လေကြောင်းပျံသန်းမှုများသည် ဆီးရီးယားနိုင်ငံအတွင်း ရုရှား လေကြောင်း အာကာသတပ်ဖွဲ့၏ လေယာဉ်များအတွက် အန္တရာယ် ရှိသောချဉ်းကပ်မှု ၂၃ ကြိမ် ပြုလုပ်ခဲ့ပြီး အမေရိကန် ဒရုန်း ၃၄၀ သည် ဆီးရီးယားလေပိုင်နက်အတွင်းတွင် ပျံသန်းမှု ကင်းမဲ့ဇုံအတွင်း ချိုးဖောက်ဝင် ရောက်မှုများ လည်းရှိ ခဲ့ကြောင်း လည်း သတင်းဌာနများ ကဖော်ပြ ပြောဆိုထားပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက် က တစ်ရက်တည်းတွင် အမေရိကန်လိုလားသော အကြမ်းဖက်မှု တိုက်ဖျက်ရေးညွန့်ပေါင်း တိုက်လေယာဉ်များသည် ဆီးရီးယား လေပိုင်နက်ကို ၈ ကြိမ်တိုင်တိုင် ချိုးဖောက်ဝင်ရောက်ခဲ့ကြောင်း ကိုလည်း သတင်းဌာနများကထပ်လောင်းဖော်ပြထားကြပါသေးတယ်။