“တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်များက မြောက်ကိုရီးယားနိုင်ငံတွင် ကျင်းပပြု လုပ်ခဲ့ သည့် ကိုရီးယားစစ်ပွဲ နှစ် ၇၀ပြည့် အထိမ်းအမှတ်ပွဲ ကို covid ကူးစပ်ရောဂါဖြစ်ပွားမှုများအပြီးတွင် ပထမဆုံး အကြိမ်အဖြစ် ရောက်ရှိလာခဲ့”

ဇူလိုင် ၃၁

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း က တောင်-မြောက် ကိုရီးယားစစ်ပွဲ ပြီးဆုံးခြင်း နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် ပြုံယမ်း(မြောက်ကိုရီးယား) သို့ အလည်အပတ် ခရီးစဥ် ရောက်ရှိနေသည့် တရုတ်နိုင်ငံ ကိုယ် စားလှယ်အဖွဲ့နှင့် တွေ့ဆုံမှုများပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်အသစ်တစ်ခုသို့ မြှင့်တင်သွားမှာဖြစ်တယ်လို့ ကတိပြုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံပိုင် မီဒီယာက ပြီးခဲ့သည့် စနေနေ့တွင် ပြောကြားခဲ့တာဖြစ်ပါတယ်။

တရုတ်နိုင်ငံ ကွန်မြူနစ်ပါတီ ပေါ်လစ် ဗျူရိုအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် Li Hongzhong ဦးဆောင်သော တရုတ် အရာရှိများအား မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်က သောကြာနေ့တွင် ဧည့်ခံတွေ့ ဆုံမှုများ ပြုလုပ်ခဲ့ပါတယ်။

အဆိုပါ တရုတ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့သည် ကမ္ဘာ့ Covid-19 ကူးစက် ရောဂါ ဖြစ်ပွား ပြီးနောက် ပထမဆုံးသော ရောက်ရှိလာသော ကိုယ်စားလှယ်အဖွဲ့လည်းဖြစ်ပါတယ်။

“ရှုပ်ထွေးတဲ့ နိုင်ငံတကာအခြေအနေတွေကို ရင်ဆိုင်ဖြေရှင်းဖို့ နှစ်နိုင်ငံပါတီတွေနဲ့ အစိုးရတွေရဲ့ ရပ်တည်ချက်တွေကို ဆွေးနွေးပွဲမှာ ထပ်လောင်းအတည်ပြုခဲ့ပြီး ချစ်ကြည်ရင်းနှီးမှုနဲ့ ဖော်ရွေစွာ ပူးပေါင်းဆောင်ရွက်မှုကို မြင့်မားတဲ့အဆင့်သစ်တစ်ခုဆီ ဖြည်းဖြည်းချင်း ဖွံ့ဖြိုးတိုးတက်စေမှာပါ” လို့ မြောက်ကိုရီးယားနိုင်ငံပိုင် KCNA သတင်းဌာနက ပြောကြားခဲ့တာ လည်းဖြစ်ပါတယ်။

မြောက်က်ိုရီးယားနိုင်ငံ မြို့တော်မှာ ပြုလုပ်တဲ့ စစ်ရေးပြအခမ်းအနားမှာ မြောက်က်ိုရီးယား နိုင်ငံက ၎င်းတို့၏ နောက်ဆုံးပေါ် နျူကလီးယား ဒုံးကျည်တွေနဲ့ တိုက်ခိုက်ရေး ဒရုန်းတွေကို ပြသခဲ့ပြီး ပြီးခဲ့သည့် ကြာသပတေးနေ့က တရုတ်နဲ့ ရုရှား အရာရှိတွေ နှင့် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန် နှင့်အတူတကွ ပုခုံးချင်းယှဉ် မတ်တပ်ရပ်ပြီး တွေ့ဆုံမှု ပြုလုပ်ခဲ့ကြောင်းလည်း သတင်းဌာနများကဖော်ပြပြောဆ်ိုထားကြပါတယ်။