သပိတ်ကျင်းမြို့နယ်တွင်ပြည်ခိုင်ဖြိုးပါတီ ရပ်/ ကျေးကော်မတီဝင်တစ်ဦးက ၎င်းကို သတ်ဖြတ်လာသော အကြမ်းဖက် PDF  ၃ ဦးကို စိန်ရောင် ခြည်လက်ပစ်ဗုံးဖြင့် ခြောက်လှန့်ပစ်ခတ်၊PDF တစ်ဦး လဲကျရာမှ လက်လုပ်ပစ္စတိုနှင့် လက်လုပ်လက်ပစ်ဗုံးတို့ သိမ်းဆည်းရမိ

ဇူလိုင် ၂၉

       ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်၊တကောင်းမြို့အရှေ့ဘက် ၂မိုင်ခန့်အကွာ၊ ဖုန်ကုန်းကျေးရွာသို့ ဆိုင်ကယ်၂စီးဖြင့် အကြမ်းဖက် PDF  ၃ ဦး ရောက်ရောက်ရှိလာပြီး ဖုန်ကုန်းကျေးရွာမှ ပြည်ခိုင်ဖြိုးပါတီ ရပ်/ ကျေးကော်မတီဝင် ဦးဘိုစော ကို သတ်ဖြတ်ရန်အိမ်သို့ရောက်လာရာ ဦးဘိုစောမှ စိန်ရောင်ခြည်လက်ပစ်ဗုံးဖြင့် ခြောက်လှန့်ပစ် ခတ်ခဲ့ရာ အကြမ်းဖက် PDF ၂ ဦးမှာ ထွက်ပြေးသွားပြီး တစ်ဦးမှာဆိုင်ကယ်လဲ၍ မထနိုင်ဘဲရှိစဉ် ဖုန်ကုန်း​ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးမှသွား ရောက်ကြည့်ခဲ့ရာ လဲကျနေသူ အကြမ်းဖက် PDF ၏ လွယ်အိပ်ထဲမှ လက်လုပ်ပစ္စတို ၁လက်၊ လက်လုပ်လက်ပစ်ဗုံး ၁လုံး၊ ဓါး ၁လက်၊ မှတ်ပုံ တင် ၁ခုတို့ သိမ်းဆည်းရရှိခဲ့သည်။

       အဆိုပါ အကြမ်းဖက် PDF ကို ဆေးရုံပို့ရန်စီစဉ်နေစဉ် နောက်ထပ် အကြမ်းဖက် PDF ၅ ဦးရောက်လာကာ လဲကျနေသည့် PDF အားခေါ်ဆောင် ထွက်ပြေးသွားခဲ့ပါသည်။

         လဲကျခဲ့သည့် အကြမ်းဖက် PDF ထံမှ သိမ်းဆည်း ရရှိခဲ့သည့် မှတ်ပုံတင်အရ တကောင်းမြို့၊ အမှတ်(၂)ရပ်ကွက်နေ ဦးကျော်နိုင်၊ ၄၂ နှစ်၊ (ဘ)ဦးနွဲ့ဖြစ်ကြောင်း သိရပါသည်။

#PAN