ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းမှုကြောင့် ကျိုက်ထီးရိုးတောင်တက်လမ်းနှင့် ကျီးကန်းပါးစပ်သွားလမ်းပေါ်တွင် မြေပြိုကျမှုများ ဖြစ်ပေါ်

ဇူလိုင် ၂၉

       မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်း မိုးသည်း ထန်စွာအဆက်မပြတ်ရွာသွန်းသဖြင့် ယနေ့ နံနက် ၉ နာရီ ၅၀ မိနစ်အချိန်တွင် ကျိုက်ထီးရိုးတောင်တက်လမ်း၊ ရသေ့တောင်အကျော် စခန်းလေးကျောင်းအနီးလမ်းပေါ်တွင် မြေပြိုကျကာ လမ်းတစ်ဝက်ပိတ်ပြီး တောင်တက်ကားများသွားလာ၍ မရဖြစ်ပေါ်ခဲ့ကြောင်း၊ ကျိုက်ထီးရိုဘုရားတွင် လုံခြုံရေးတာဝန်ယူထားသော တပ်မ တော်လုံခြုံရေးအဖွဲ့က ကျိုက်ထီးရိုး ဂေါပကအဖွဲ့နှင့် တောင်တက်အသင်းအဖွဲ့တို့မှ ရှင်းလင်းဆောင်ရွက်လျက်ရှိကြောင်း သိရပါသည်။

အလားတူ ကျိုက်ထီးရိုးတောင်တန်း၊ ကျီးကန်းပါးစပ်သွားလမ်းပေါ်တွင် မြေပြိုကျ၍ လူ/ပစ္စည်းများ မရှိသည့် နိဗ္ဗာန်ကုန်စုံဆိုင်နှင့် အထည်ဆိုင် (အလျား ၂၀ အနံ ၁၅ ပေ သွပ်မိုး တာလပတ်ကာ)ဆိုင်ခန်းမှာ မြေသားများပိကာ ပျက်စီးသွားခဲ့ပြီး ခန့်မှန်တန်ဖိုး ကျပ် ၅ သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN