“ထိုင်ဝမ်နိုင်ငံအား တရုတ်ကျုးကျော်မှုရန်မှ ကာကွယ်နိုင်ရေး ဆိုသည့် ခေါင်းစဥ်ဖြင့် အမေရိကန်နိုင်ငံက ကန်ဒေါ်လာ ၃၄၅သန်း တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ အကူညီများ ထိုင်ဝမ် သို့ ပေးပို့နိုင်ရန် စီစဥ်နေ”

ဇူလိုင် ၂၉

တရုတ်နိုင်ငံက ထိုင်ဝမ်နိုင်ငံအပေါ် ကျူးကျော်ဝင်ရောက်လာမှုများဖြစ်ပွားခဲ့ပါက ဟန့်တားနိုင်သည့် စွမ်းရည်ကို လျင်မြန်စွာ အားကောင်းစေရန် ရည်ရွယ်ပြီး အမေရိကန်နိုင်ငံ က ထိုင်ဝမ်နိုင်ငံ အတွက် ကန်ဒေါ်လာ ၃၄၅ သန်း တန်ဖိုးရှိ စစ်ဘက်ဆိုင်ရာ အကူအညီများ ပေးပို့နိုင်ရေး အစီအစဉ်ကို ပြီးခဲ့သည့် သောကြာနေ့ (ဇူလိုင် ၂၈ ရက်) က ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်နိုင်ငံအတွက် စစ်ထောက် လှမ်းရေးဆိုင်ရာများ၊ ကင်းထောက် ကိရိယာများနှင့် ခေတ်မှီ လက်နက်ငယ်များစွာပါရှိမည့် အဆိုပါ စစ်ရေးထောက်ပံ့မှု ပက်ကေ့ဂျ်သည် အမေရိကန်နိုင်ငံ ၏ ကိုယ်ပိုင်အရန်ငွေမှ ထုတ်ယူသွားမည်ဖြစ်ပြီး ထိုင်ဝမ်နိုင်ငံသို့ ထောက်ပံ့ပေးပို့မှုများသည် ပုံမှန် အချိန်ဇယား ထက် ပိုမိုမြန်ဆန်စွာ ပေးပို့သွား မှာဖြစ်တယ်လို့ လည်း သတင်းဌာနများ ကဖာ်ပြ ပြောဆို နေကြပါတယ်။