ရေတာရှည်မြို့နယ်၊ ရဲကုန်းရွာနေ ရာအိမ်မှူးတစ်ဦးကို လူသတ်အကြမ်းဖက် PDF များက အကြောင်းမဲ့ သတ်ဖြတ်ပြီး ဒုရဲအုပ်တစ်ဦးထံ ဖုန်းဆက် အကြောင်းကြား

ဇူလိုင် ၂၈

       ဇူလိုင် ၂၅ ရက်နေ့ နံနက် ၁၀ နာရီအချိန်ခန့်တွင် ပဲခူးတိုင်းဒေသကြီး၊ရေတာရှည်မြို့နယ်၊ ရဲကုန်းကျေးရွာအုပ်စု၊ ရဲကုန်းရွာနေ ရာအိမ်မှူးဦးကြီးမြင့်(ဘ)ဦးသောင်းညွန့်သည် နေအိမ်တွင်ရှိနေစဉ်ဆိုင်ကယ်ဖြင့် လူသတ်အကြမ်းဖက် PDF ၃ ဦးစီးနင်းလျှက် သေနတ်ဖြင့်ပစ်ခတ်သတ်ဖြတ်ခဲ့ရာ ဦးကြီးမြင့်မှာ အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း သိရပါသည်။

     အဆိုပါ လူသတ်အကြမ်းဖက် PDF များ သည် အကြမ်းဖက်သောင်းကျန်းသူ ခေါင်း ဆောင် ဦးကိုကြီးအဖွဲ့မှဟု သိရပြီး အခင်းဖြစ်နေ့က ဦးကြီးမြင့်ကို သတ်ဖြတ်ထားကြောင်း၊ သွားရောက်သင်္ဂြိုလ်ပေးရန် ဒုရဲအုပ် သက်ဆွေငြိမ်းထံ ၎င်း အကြမ်းဖက် PDF အဖွဲ့မှ တစ်ဦးက ဖုန်းဆက်အကြောင်းကြားခဲ့ကြောင်း သတင်းရရှိပါသည်။

        အကြမ်းဖက်ခေါင်းဆောင် ဦးကိုကြီး မှာ ယခင် က ငြိမ်းချမ်းရေးယူထားစဥ် ကရင်ပြည် နယ်၊သံတောင်မြောက်ပိုင်း KNU ခေါင်းဆောင် ဖြစ်ကြောင်း ၊၂၀၂၁ ခုနှစ်တွင် တောပြန်ခိုပြီးအကြမ်းဖက်လူသတ် အလုပ်များ လုပ်ဆောင်နေကြောင်း၊ ရေတာရှည်မြို့နယ်အရှေ့ဘက် ထိစပ်လျှက်နယ်မြေများ၊ ရေတာရှည်မြို့နယ်၊စစ်တောင်းအရှေဘက် ရွာများကိုဝင်ရောက်ပြီး အကြမ်းဖက်လူသတ်အလုပ်များ လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ ရေတာရှည် စစ်တောင်းအရှေခြမ်းတွင် ချစ်ထွေး (NLD မြို့နယ်အတွင်းရေးမူး) PDF ခေါင်းဆောင်အဖွဲ့နှင့်​လည်း ပူးပေါင်းပြီးအကြမ်းဖက်လူသတ်အလုပ်များ ပြုလုပ်ကြောင်း၊ တပ်မတော်စစ်ကြောင်းထိုးလျှင် အရှေ့ဘက်တောင်ပေါ်ရွာများတွင် တိမ်းရှောင်နေကြောင်း၊ ရေတာရှည်မြို့နယ်အရှေ့ဘက်တောင်ပေါ်ကရင်ရွာတွေအားလုံးမှာ ဦးကိုကြီးလက်အောက်ခံ KNU ရွာများဖြစ်ကြောင်း သိရပါသည်။

    လူသတ်အကြမ်းဖက် PDF များ သည် ”ငါနှင့်မတူ ငါ့ရန်သူ”ဟူသော အကြမ်းဖက်ဝါဒဖြင့် အစိုးရ၏ အုပ်ချုပ်ရေးယန္တရား ပျက်ပြားစေရန် ရည်ရွယ်၍ အပြစ်မဲ့ပြည်သူ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများကို လိုက်လံသတ်ဖြတ်နေခြင်းဖြစ်ကြောင်း သိရပါသည်။

Call recording 09752515442_230726_112631 (1)

#PAN