ပဲခူးမြို့၊ လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ရုံးရှေ့တွင် မသင်္ကာဖွယ် အိတ်အမဲအတွင်းမှအဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲရန် ပြုလုပ်ထားသည့် ၄၀မမ ဗုံးသီးအား သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့

ဇူလိုင် ၂၈

       ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်တွင် ပဲခူး တိုင်းဒေသကြီး၊ ပဲခူးမြို့၊ ရုံးကြီးရပ်ကွက်ရှိ လမ်းဦးစီးဌာနညွှန်ကြားရေးမှူးရုံးအနီးတွင် စည်ပင်နေ့စားဝန်ထမ်းဖြစ်သူ ဇင်မာဖြူ၊ ၃၄ နှစ်၊ (ဘ)ဦးချစ်ဦး၊ ဗမာ/ဗုဒ္ဓ၊ တောင်သူစုစည်ပင်လိုင်းခန်းနေသူသည် လမ်းဦးစီးဌာနညွှန်ကြားရေးမှူးရုံးရှေ့ညာဘက်ထောင့် ခြံစည်းရိုးနံရံအနီး တွင် ကြွပ်ကြွပ်အိတ် အိတ်အမဲ ၁ လုံးကို တွေ့ရှိရပြီး အိတ်မှာလေးနေသဖြင့် ကောက်ယူ ကြည့်ရှုရာ ၄င်းအိတ်အတွင်း အလုံး ၁ လုံးအား ဝါယာကြိုးများနှင့်ပတ်ထားကြောင့် တွေ့ရသဖြင့် လုံခြုံရေးတာဝန်ကျတပ်ဖွဲ့ဝင်များအား သတင်းပို့အကြောင်းကြားခဲ့သည်။

     ထိုသို့  မသင်္ကာဖွယ် အိတ်အမဲတွေ့ရှိကြောင်း သတင်းအရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်စစ်ဆေးခဲ့ရ ၄င်းအိတ်အတွင်း ၄၀မမ ဗုံးသီးအား ယမ်းကြိုးပတ်၍ ၄င်းယမ်းကြိုးအား ဒီတိုနေတာ ၁ ခု၊ panasonic 9V ဓာတ်ခဲ ၁ လုံး၊ အဝေးထိန်း remote circuitတို့ဖြင့် ဆက်သွယ်ချိတ်ဆက်ကာ အဝေးထိန်းစနစ်ဖြင့် ဖောက်ခွဲရန် ပြုလုပ်ထားကြောင်း၊ အဆိုပါ အဝေးထိန်းဗုံးကို နယ်မြေခံ စစ်အင်ဂျင်နီယာတပ်မှ နံနက် ၁၀ နာရီအချိန်တွင် သက်မဲ့ပြုလုပ်ရှင်းလင်းခဲ့ကြောင်း သတင်းရရှိပါသည်။

#PAN