ရပ်စောက်မြို့နယ်အတွင်း အကြမ်းဖက်သောင်း ကျန်းသူ PDF အင်အား ၃၀ ခန့် ရောက်ရှိအခြေ ပြုနေ၊ ဒေသခံပြည်သူများ စိုးရိမ်ကြောက်လန့်နေကြ

ဇူလိုင် ၂၈

       ဇူလိုင်လ ၂၆ ရက် ညနေ ၄ နာရီခွဲအချိန်ခန့်တွင် အကြမ်းဖက် PDF အဖွဲ့အင်အား ၃၀ ဦးခန့် သည် လက်နက်ငယ်များကိုင်ဆောင်၍ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ နောင်ချိုမြို့နယ်မှ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ် ကျောက်ဆုံကျေးရွာ ၊ဖက်ရင်းကုန်ကျေးရွာ ၊ဝါးပြားကျေးရွာ၊ ရပ်စောက်မြို့ အနောက်ဖက် အုန်းခရိုင်ကျေးရွာ၊ မယ်ဇလီကျေးရွာ၊ တောင်ဝိုးကျေးရွာ တောလမ်းအတိုင်း ကောင်းဘို့ကျေးရွာ အုပ်စု၊ ယမ်းတွင်းကျေးရွာအနီး ရောက်ရှိလာပြီး အခြေပြုနေထိုင်ခဲ့ကြောင်း သိရပါသည်။

     ” အကြမ်းဖက် PDF အဖွဲ့တွေဘဲ၊ တစ်ခါမှ ဒီကိုမလားဖူးသေးဘူး၊ မြောက်ပိုင်းက ဆင်းလာကြတာ၊ ကျွန်တော်တို့ဒေသက ငြိမ်းချမ်းနေတာကြာပြီ၊ မတွေ့ဘူးကြတော့ ကြောက်လန့်ကြတာပေါ့၊ ပြီးတော့ တပ်စစ်ကြောင်းလာရင် တိုက်ပွဲဖြစ်မှာကိုလည်း ကြောက်နေရတယ်” ဟု ဒေသခံ ရွာသားတစ်ဦးက ပြောပြလာပါသည်။

     ၎င်း အကြမ်းဖက်သောင်းကျန်းသူ PDF များ သည် ယမန်နေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် အခြေပြုနေရာမှ ထွက်ခွာသွားပြီး နောင်ဝိုးကျေး ရွာအနီးဝန်းကျင်၌ ဖြန့်ခွဲ၍ အခြေပြု နေထိုင်လျက်ရှိကြောင်းနှင့် အဆိုပါ အကြမ်းဖက်အဖွဲ့သည် ပြန်လည်စုစည်းပြီး ရပ်စောက် မြို့နယ်အတွင်းရှိ စာသင်ကျောင်းများ ၊ ဌာနဆိုင်ရာ အဆောက်အဦများအား ဖေါက်ခွဲဖျက်ဆီး ခြင်း၊ တပ်မတော်စစ်ကြောင်းများအား တိုက်ခိုက်ခြင်း ၊ ဌာနဆိုင်ရာဝန်ထမ်းများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လာနိုင်သဖြင့် ဒေသခံပြည်သူ များ စိုးရိမ်ကြောက်လန့်နေကြကြောင်း သိရပါ သည်။

#PAN