ငါန်းဇွန်မြို့နယ်တွင် ဆိတ်ကျောင်းပြန်လာသော သာမန်ပြည်သူတစ်ဦးကို အကြမ်းဖက်သောင်း ကျန်းသူ PDF အဖွဲ့ သေနတ်ဖြင့်ပစ်ခတ်သတ် ဖြတ်

ဇူလိုင် ၂၇

    ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ ပျဉ်းလှတောကျေးရွာအုပ်စု၊ ကျင်းသာကျေးရွာနေ သာမန်ပြည်သူ ဦးကျော်မြင့်၊ ၅၇ နှစ်၊ (ဘ)ဦးလှစိန်သည်  ရွာမြောက်ဘက်ရှိ တောမှ ဆိတ်ကျောင်းပြီးအပြန် ရွာ၏မြောက်ဘက် ဘုန်းတော်ကြီးကျောင်း မုခ်ဦးဝင်ပေါက်အနီးအရောက်တွင် အကြမ်းဖက်သောင်းကျန်းသူ PDF အဖွဲ့(အင်အားစိစစ်ဆဲ)မှ သေနတ်ဖြင့်ပစ်ခတ်ခဲ့ရာ ဦးကျော်မြင့်တွင် ဦးခေါင်းနှင့်ဝမ်းဗိုက်တို့၌ ဖောက်ထွက်ဒဏ်ရာများရရှိခဲ့ပြီး အခင်းဖြစ်နေရာ၌ သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

      သေဆုံးသူ ဦးကျော်မြင့် မှာ သာမန်ပြည်သူတစ်ဦးဖြစ်ပြီး အကြမ်းဖက်သောင်းကျန်းသူ PDF များက မည့်သည့်အကြောင်းကြောင့် သတ်ဖြတ်သည်ကို မသိရှိရသေးကြောင်းနှင့် သတ်ဖြတ်သွားသော အကြမ်းဖက် PDF များကို ဖမ်းဆီးရမိရေး နယ်မြေခံလုံခြုံရေးအဖွဲ့များက ပိတ်ဆို့ရှင်းလင်းလျှက်ရှိကြောင်း သိရပါသည်။

#PAN