အရာတော်မြို့နယ်အတွင်း အကြမ်းဖက်သောင်း ကျန်းသူ PDF များ ခိုအောင်းအခြေပြုနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့မှု​အရ နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွား ရောက်ရှင်းလင်းရာ အကြမ်းဖက် PDF ၅ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အသေဖမ်းဆီးရမိ

ဇူလိုင် ၂၇

       စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာနီး၊ ရဲကျင်းကျေးရွာ၏ အရှေ့မြောက်ဘက်တွင် အကြမ်းဖက်သောင်း ကျန်းသူ PDF များ ခိုအောင်းအခြေပြုနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့မှု​ကြောင့် နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းရာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။

     နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွား ရောက်ရှင်းလင်းစဥ် အကြမ်းဖက်သောင်းကျန်း သူ PDF များမှာ လူနေတဲ ၄ လုံးအတွင်း အငိုက်မိသွားပြီး Town Ace မော်တော်ယာဥ် တစ်စီးဖြင့် ထွက်ပြေးရန် ကြိုးစားခဲ့ရာ လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။

      ထိုသို ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက်သောင်းကျန်းသူ PDF ၅ ဦးကို KA သေနတ် ၁ လက်၊ Typ-81 သေနတ် ၁ လက်၊လက်လုပ်သေ နတ် ၃ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၈၀ တောင့်
၊လက်ပစ်ဗုံး ၃ လုံး၊ Drop Bomb  ၃ လုံး၊ဝါယာကြိုး ၁ ခွေ၊ ယမ်းမှုန့် ၁ ထုပ်၊ ဒီတိုနေတာ ၁၀ ခု၊ဆေးပစ္စည်းမျိုးစုံ ၁ ထုပ်၊ Town Ace မော်တော် ယာဉ်  ၁ စီး၊တဲ  ၄ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။

     NUG ပြည်ပြေးအကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံတော့သည့် ပြည်သူအများသည် အကြမ်းဖက် PDF များ၏ သတင်းများကို နီးစပ်ရာ လုံခြုံအဖွဲ့များသို့ ပေးပို့လာကြကြောင်း သိရပါသည်။

#PAN

ဇူလိုင် ၂၇        စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာနီး၊ ရဲကျင်းကျေးရွာ၏ အရှေ့မြောက်ဘက်တွင် အကြမ်းဖက်သောင်း ကျန်းသူ PDF များ ခိုအောင်းအခြေပြုနေကြောင်း ဒေသခံပြည်သူများ၏ သတင်းပေးပို့မှု​ကြောင့် နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွားရောက်ရှင်းလင်းရာ ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ပါသည်။      နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က သွား ရောက်ရှင်းလင်းစဥ် အကြမ်းဖက်သောင်းကျန်း သူ PDF များမှာ လူနေတဲ ၄ လုံးအတွင်း အငိုက်မိသွားပြီး Town Ace မော်တော်ယာဥ် တစ်စီးဖြင့် ထွက်ပြေးရန် ကြိုးစားခဲ့ရာ လုံခြုံရေးအဖွဲ့က ပစ်ခတ်ဖမ်းဆီးခဲ့ကြောင်း သိရပါသည်။       ထိုသို ပစ်ခတ်ဖမ်းဆီးရာ အကြမ်းဖက်သောင်းကျန်းသူ PDF ၅ ဦးကို KA သေနတ် ၁ လက်၊ Typ-81 သေနတ် ၁ လက်၊လက်လုပ်သေ နတ် ၃ လက်၊ ကျည်အိမ် ၄ ခု၊ ကျည် ၈၀ တောင့် ၊လက်ပစ်ဗုံး ၃ လုံး၊ Drop Bomb  ၃ လုံး၊ဝါယာကြိုး ၁ ခွေ၊ ယမ်းမှုန့် ၁ ထုပ်၊ ဒီတိုနေတာ ၁၀ ခု၊ဆေးပစ္စည်းမျိုးစုံ ၁ ထုပ်၊ Town Ace မော်တော် ယာဉ်  ၁ စီး၊တဲ  ၄ လုံးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိပါသည်။      NUG ပြည်ပြေးအကြမ်းဖက်အဖွဲ့၏ လက်ဝေခံ PDF အမည်ခံအကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကို လက်မခံတော့သည့် ပြည်သူအများသည် အကြမ်းဖက် PDF များ၏ သတင်းများကို နီးစပ်ရာ လုံခြုံအဖွဲ့များသို့ ပေးပို့လာကြကြောင်း သိရပါသည်။