ဘိုကလေးမြို့နယ်၊သကံဝကျေးရွာတွင် တူရီးနှစ်ဦး နတ်ဆက်ထားသည့်အရက်သောက်ရာမှ ဦးလေးဖြစ်သူ သေဆုံး

ဇူလိုင် ၂၇

      ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဘိုက လေးမြို့နယ်၊သကံဝကျေးရွာအုပ်စု၊သကံဝကျေး ရွာနေ ဒေါ်တင်နု(ဘ)ဦးထွန်းသိန်၊ ၆၆ နှစ်နေအိမ်တွင် အမျိုးသားတစ်ဦးပက်လက်လန်သေဆုံးနေသဖြင့် ရာအိမ်မှူးဦးဇော်လင်း၏ အကြောင်းကြားချက်အရ ဘိုကလေးမြို့ရဲစခန်းမှ တာဝန်ရှိသူများက ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အတူ အခင်း ဖြစ်နေအိမ်သို့ ယမန်နေ့ ည ၇ နာရီအချိန်ခန့်တွင် သွားရောက်ခဲ့ရာ အဆိုပါနေအိမ်တွင် သကံဝကျေးရွာအုပ်စု၊တယ်ပင်(၁)ကျေးရွာနေ ဦးအောင်သက်ဦး၊၄၀နှစ်၊(ဘ) ဦးကျော်ဝင်းသည်
ပက်လက်အနေထားဖြင့် ပြင်ပဒါဏ်ရာမရှိဘဲ သေဆုံနေကြောင်း တွေ့ရှိရပါသည်။

       ဖြစ်စဉ်ကို အိမ်ရှင်အား မေးမြန်းရာ ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် သေဆုံးသူ အောင်သက်ဦးနှင့်အတူ ကျော်မြင့်သိန်း၊ ၃၄ နှစ်၊ (ဘ)ဦးထွန်းသိန်း၊ ချောင်းဝကျေးရွာ၊ဘုန်းကြီးသောင်ကျေးရွာအုပ်စု၊ဖျာပုံမြို့နယ်နေသူနှင့်အတူ တူရီး ၂ ဦးသည် ရေသန့်ဗူးခွံဖြင့် BE ဖျော်စပ်အရက် ၁ ဗူးပါလာပြီးအတူထိုင်သောက်နေခဲ့ကြောင်း၊ ၄င်းတို့ပါလာသည့် အရက်ကုန်သည့်အခါ အိမ်ရှင်အား အရက်ရောင်ရန်ပြောရာ ရောင်းရန်အရက်မရှိကြောင်းပြောသည့်အခါ နတ်ဆက်ထားသည့်အရက်တစ်ဗူးအားယူ၍ ၄င်းတို့ ၂ ဦးအတူသောက်ခဲ့ကြောင်း သိရပါသည်။

     အရက်သောက်ပြီးသည့်အခါ ကျော်မြင့်သိန်းမှအောင်သက်ဦးအား ပြန်ရန်ပြောရာ အောင်သက်ဦးမှာ အရမ်းမူနေသဖြင့် မပြန်နိုင်ဘဲ ၄င်းတို့နှစ်ဦးမှာ အတူအိပ်ပျော်နေကြကြောင်း၊ အိမ်ရှင်ဖြစ်သူ ဒေါ်တင်နုမှာ ကျုံဖားကျေးရွာသို့ ဆန်သွားဝယ်ပြီးပြန်လာရာ ညနေ ၄ နာရီအချိန်ခန့်တွင် ပြန်ရောက်စဥ် နေအိမ်အပေါ်၌ အိပ်ပျော်နေသည့် အောင်သက်ဦးမှာ နှိုးမရသဖြင့် ရာမှူဦးဇော်လင်ထံသွား ရောက်အကြောင်းကြားခဲ့ကြောင်း သိရပါသည်။

       နယ်မြေခံရဲတပ်ဖွဲ့က ရဲလုပ်ထုံးနှင့်အညီ ဘိုကလေးမြို့၊ကုတင်(၁၀၀)ဆေးရုံသို့ ရင်ခွဲစစ်ဆေးခြင်းများပြုလုပ်ပြီး သေမှုသေခင်းဖွင့်ကာ အမှုမှန်ပေါ်ပေါက်ရေးအတွက်ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိပါသည်။

#PAN