ပခုက္ကူမြိုတွင် လုံခြုံရေးအဖွဲ့၏ စစ်ဆေးမှုကို မခံဘဲ ဆိုင်ကယ်ဖြင့် မောင်းနှင်ထွက်ပြေးသွားသော အကြမ်းဖက် PDF တစ်ဦးကို လက်နက်ခဲယမ်းများဖြင့် အသေဖမ်းဆီးရမိ

ဇူလိုင် ၂၇

      ယနေ့ ညနေ ၄ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ ပခုက္ကူမြို၊ ရွှေချောင်းအဝိုင်းတွင် လုံခြုံရေးအဖွဲ့များက မော်တော်ယာဉ်များအား စစ်ဆေးနေစဉ် စိစစ်ဆဲအမျိုးသားတစ်ဦး မောင်းနှင်သည့် ဆိုင်ကယ် ၁ စီးသည် အစစ်ဆေးမခံဘဲ အရှိန်ဖြင့် မောင်းနှင်ထွက်ပြေးသွားခဲ့ရာ ယာဉ်တင်လုံခြုံရေးအဖွဲက ထွက်ပြေးသွားတဲ့ ဆိုင်ကယ်နောက်သို ချက်ချင်းလိုက်လံပစ်ခတ်ဖမ်းဆီးခဲ့ပါသည်။

      ထိုသို့ ပစ်ခတ်ဖမ်းဆီးခဲ့ရာမှ စိစစ်ဆဲ အကြမ်းဖက်သောင်းကျန်းသူ PDF အမျိုးသား တစ်ဦးကို လက်လုပ်ပစ္စတို ၁ လက်၊ ကျည် ၅ တောင့်၊ ဖုန်း ၁ လုံး၊ ဆိုင်ကယ် ၁ စီးတို့နှင့်အတူ အသေဖမ်းဆီးရမိခဲ့ကြောင်း သတင်းရပါသည်။

     NUG ၏ လက်ဝေခံ PDF အမည်ခံအကြမ်း ဖက်အဖွဲ့များသည် အုပ်ချုပ်ရေးမှူးများ၊ Non CDMဝန်ထမ်းများ၊ စစ်မှုထမ်းဆဲ/ဟောင်းများ၊ ပြည်ခိုင်ဖြိုးပါတီနှင့်အခြားပါတီဝင်များ၊၎င်းတို့ကို ထောက်ခံသူများကို ဒလန်ဟူသော စွပ်စွဲချက်ဖြင့် သတ်ဖြတ်ရန် မြို့ပေါ်တွင် လက်နက်များကို လျှို့ဝှက်ကိုင်ဆောင်ပြီး ယခုလို အရပ်သားသာမန်ပြည်သူ အယောင်ဆောင်၍ နေထိုင်ကြကြောင်း သိရပါသည်။

#PAN