ရီးရဲလ်မက်ဒရစ် ကွင်းလယ်လူဟောင်း အစ္စကို ကို ဘက်တစ် ခေါ်ယူ

ဇူလိုင် ၂၇

    ရီးရဲလ်မက်ဒရစ်အသင်းနဲ့ ဆုဖလား အောင်မြင်မှုတွေ များစွာ ရယူခဲ့ဖူးတဲ့ စပိန် လက်ရွေးစင်ဟောင်း ကွင်းလယ် ကစားသမား အစ္စကိုဟာ ရီးရဲလ် ဘက်တစ်အသင်းဆီကို အလွတ် ပြောင်းရွှေ့ကြေးနဲ့ တနှစ်စာချုပ် ချုပ်ဆိုခဲ့ကာ ကျောနံပါတ် ၂၂ ဝတ်ဆင်ကစားသွားမှာဖြစ်ကြောင်း တရားဝင်ကြေညာသွားခဲ့ပါတယ်။

    အစ္စကိုဟာ ဆီဗီလာအသင်းကို ၂၀၂၂ သြဂုတ်လက ပြောင်းရွေ့ခဲ့ပေမဲ့ လေးလအကြာမှာ စာချုပ်ဖျက်သိမ်းခဲ့တာကြောင့် အသင်းလက်မဲ့ ဖြစ်နေခဲ့ပါတယ်။

Photos: Real Betis Balompie