ပဲခူးမြို့”ရွှေဘိုဒေါ်မ” ဆေးလိပ်ခုံ မီးလောင်မှုဖြစ်ပွားပျက်ဆီးဆုံးရှုံးမှုတန်ဘိုးနှင့် မီးလောင်ရသည့်အကြောင်းရင်း မသိရသေး

ဇူလိုင် ၂၆

        ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့၊ နန်းတော်ရာရပ်ကွက်၊ ဥဿာ(၁) လမ်းရှိ “ရွှေဘိုဒေါ်မ” ဆေး လိပ်ခုံတွင် ယနေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်ခန့်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်း ရရှိသဖြင့် ပဲခူးတိုင်းဒေသကြီးမီးသတ်ဦးစီးမှူးရုံးမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ပဲခူးခရိုင်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၂ စီး၊ ပဲခူးမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီး၊ နယ်မြေမီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ် ၁ စီး၊ ရေသယ်ယာဉ် ၁ စီးတို့ဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရာ ညနေ ၄ နာရီ ၂၅ မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်း သတင်းရရှိပါသည်။

      မီးလောင်မှု​ကြောင့် လူ/တိရစ္ဆာန်ထိခိုက်သေဆုံးမှု၊ ပျက်ဆီးဆုံးရှုံးမှုတန်ဘိုးနှင့် မီးလောင်ရသည့်အကြောင်းရင်း မသိရသေးကြောင်း သိရပါသည်။

#PAN