ပခုက္ကူမြို့ရှိ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ ၂၀၂၀ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း တစ်ဦးကို အကြမ်းဖက်သောင်းကျန်းသူ PDF များက ၎င်း၏ နေအိမ်၌ သေနတ်ဖြင့်ပစ် ခတ်သတ်ဖြတ်

ဇူလိုင် ၂၆

         ယနေ့ နံနက် ၈ နာရီခွဲအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ် ၃ ရပ်ကွက်တွင် နေထိုင်သူ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီ၊ ၂၀၂၀ ပြည်သူ့လွှတ်တော် ကိုယ်စား လှယ်လောင်း ဦးမြင့်သိန်း ကို အကြမ်းဖက်သောင်းကျန်းသူ PDF များက ၎င်း၏ နေအိမ်၌ သေနတ်ဖြင့် လာရောက် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ သေနတ်ဒဏ်ရာ ၃ ချက်ထိမှန် သေဆုံးသွားကြောင်း သတင်းရရှိပါသည်။

     အဆိုပါ အမျိုးသားနိုင်ငံရေးဒီမိုကရက်တစ်ပါတီသည် ဗိုလ်ချုပ်ကြီး(အငြိမ်းစား) ဦးစိုးမောင် ၏ ပါတီဖြစ်ပြီး လာမည့်ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်  ဝင်ရောက်ယှဥ်ပြိုင်ရန် ယခုအခါ မှတ်ပုံတင်ခွင့်ပြုထားကြောင်း သိရပါသည်။

    တိုင်းဖျက်ပြည်ဆူ ပါတီ NLD ၏ လက်ဝေခံ NUG ပြည်ပြေးအဖွဲ့ မွေးဖွားပေးခဲ့သော PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည် စစ်အာဏာ ရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေး အမည်ခံထားသော်လည်း လက်တွေ့တွင် ”ငါနဲ့မတူ ငါရန်သူ” ဟူသော အကြမ်းဖက်ဝါဒဖြင့် ၎င်းတို့နှင့် သဘောထားမတူသော လက်နက်မဲ့ ပြည်ခိုင်ဖြိုးပါတီဝင်များနှင့် အခြားပါတီဝင်များကို လက်နက်အားကိုးဖြင့် ပစ်မှတ်ထားသတ်ဖြတ်နေကြကြောင်း သိရပါသည်။

#PAN