မတ္တရာမြို့နယ်အတွင်း အကြမ်းဖက်သောင်း ကျန်းသူ PDF များက ထောင်ထားသော မိုင်းပေါက်ကွဲမှုကြောင့် အပြစ်မဲ့ အသက် ၈ နှစ်အရွယ်ကလေး တစ်ဦး သေဆုံးပြီး အမျိုးသား တစ်ဦး ဏ်ရာရ

ဇူလိုင် ၂၁

     ဇူလိုင်လ ၁၉ ရက်နေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်၊ရွေးစုကျေးရွာအုပ်စု၊ရွေးစုကျေးရွာနေ သာမန်ပြည်သူ ကိုမင်းမင်းထိုက်၊၂၉နှစ်၊ဇနီး မမြမြမျိုး၊၃၃နှစ်၊သမီး သံစဥ်ဖူးကျော်၊၈နှစ်၊သား ကောင်းထက်ပြည့်စုံ၊၁၁လ တို့မိသားစုသည် စျေးဝယ်ရန်အတွက် မတ္တရာမြို့သို့ ဆိုင်ကယ်ဖြင့်သွားရောက်ခဲ့ရာ လက်ကောင်းလေးကျေးရွာအထွက်တွင် လူသတ်အကြမ်းဖက်သမား PDF များ ထောင် ထားသည့်မိုင်းကို နင်းမိပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ပါသည်။

        ထိုသို့မိုင်းပေါက်ကွဲမှုကြောင့် ကိုမင်းမင်းထိုက်တွင် ယာ-ခြေသလုံး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ ယာ-ပါး မိုင်းစထိမှန်ဒဏ်ရာ ၁ ချက်၊ သမီးဖြစ်သူ သံစဥ်ဖူးကျော်တွင် ယာ-ပါး မိုင်းစထိမှန်ဒဏ်ရာ ၁ချက်၊ ယာ-ပေါင် မိုင်းစထိမှန်ဒဏ်ရာ ၁ချက်၊ဝဲ-ယာ ခြေချောင်းများ မိုင်းစထိမှန်ဒဏ်ရာများ ရရှိခဲ့ပြီး မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တင်ပို့စဥ် သံစဥ်ဖူးကျော်မှာ ရရှိဒဏ်ရာများဖြင့် သေ ဆုံးသွားကြောင်း သတင်းရရှိပါသည်။

     NUG လက်ဝေခံ PDF အမည်ခံ အကြမ်းဖက်အဖွဲ့များသည်  စစ်အာဏာရှင်တော်လှန်ရေး၊ ဒီမိုကရေးစီရရှိရေးဆိုသည့် အကြောင်းပြချက်များဖြင့် အကြမ်းဖက်မှုများ လုပ်ဆောင်ခြင်းကြောင့် အရပ်သားပြည်သူအများအပြား ထိခိုက်သေဆုံးနေကြရကြောင်း သိရပါသည်။

#PAN