“ကမ္ဘာ့ဆန်တင်ပို့မှုအကြီးမားဆုံးနိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက ၎င်းတို့၏ ဆန်တင်ပို့မှု ကုန်သွယ်ရေးများကို ခေတ္တရပ်နား ထားသောကြောင့် အာရှဒေသအတွင်း ဆန်စျေးနှုန်းများ မြင့်တတ်လာဖွယ်ရှိနေ”

ဇူလိုင် ၂၁

ကမ္ဘာ့အကြီးမားဆုံး ဆန်တင်ပို့မှုအများဆုံး နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံက ၎င်းတို့နိုင်ငံမှ ဆန်တင်ပို့မှုများကို ယနေ့ ဇူလိုင် ၂၁ရက် သောကြာနေ့ တွင် ခေတ္တရပ်နားထားခဲ့ပြီး မကြာမီရက်ပိုင်းများ အတွင်း အာရှဒေသများတွင် ဆန်ဈေးနှုန်းများ သိသိသာသာ တက်လာနိုင်ဖွယ်ရှိနေ ကြောင်း အာရှ ဆန်ကုန်သည်ကြီးသုံးဦးက ခန့်မှန်း ပြောကြားခဲ့ တာဖြစ်ပါတယ်။

ကမ္ဘာ့ဆန်တင်ပို့မှု၏ ၄၀ ရာခိုင်နှုန်းကို ပိုင်ဆိုင်ထားသည့် အိန္ဒိယနိုင်ငံက မကြာသေးမီရက်သတ္တပတ်အချိန်များအတွင်း ၎င်းတို့ နိုင်ငံ၏ အပြောင်းအလဲ များဖြစ် ပေါ်နေသော ရာသီဥတုအခြေအနေများ ကြောင့် နိုင်ငံအတွင်း ဆန်ထုတ်လုပ်မှုကို နှုန်းကို ခြိမ်းခြောက်လာမှုများ နှင့် နှစ်ရှည်လများ အမြင့်ဆုံးသို့ တက်လာခဲ့သည့်၎င်းတို့နိုင်ငံ၏ ပြည်တွင်းဆန် စျေးနှုန်းများ လျှော့ချနိုင် ရန်အတွက် အိန္ဒိယနိုင်ငံ၏ အကြီးဆုံး ဆန်တင်ပို့မှု ကုန်သွယ်ရေး အမျိုးအစားများကို ပြီးခဲ့သည့် ဇူလိုင် ၂၀ရက် ကြာသပတေးနေ့က ရပ်ဆိုင်းထားရန် တရားဝင်အမိန့် ထုတ်ပြန်ကြေညာခဲ့တာ လည်းဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော်ပြပြောဆိုထားကြပါတယ်။