“အိန္ဒိယနိုင်ငံ ဂျမူး နှင့် ကက်ရှ်မီးယားပြည်နယ်အတွင်း ရှိ တောင်တတ် လမ်းများတွင် မိုးသည်းထန်စွာရွာသွန်း မှုများဖြစ်ပွားခဲ့ပြီး မြေပြိုမှုများ ဖြစ်ပေါ်ခဲ့ကာ လူ ၈ဥိီးထက်မနည်း သေးဆုံးမှုများဖြစ်ပွားခဲ့ရ”

ဇူလိုင် ၂၀

အိန္ဒိယနိုင်ငံ ဂျမူး နှင့် ကက်ရှ်မီးယား ပြည်နယ်၏ ကက်သု ခရိုင်အနီးရှိတောင်တတ် လမ်းများတွင် မိုးသည်းထန်စွာရွာ သွန်းမှုများဖြစ်ပွားခဲ့ပြီး မြေပြိုမှုများနှင့် ရေကြီးမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် အဆိုပါ ဖြစ်စဥ်များအတွင်း သေဆုံးသွား ခဲ့ကြရသည့် ရုပ်အလောင်း အများအပြားကို အာဏာပိုင်များက ဆယ်ယူ ကယ်ဆယ် မှုများပြုလုပ် ခဲ့ကြရတာ လည်းဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၁၉ရက် ဗုဒ္ဓဟူးနေ့က အိန္ဒိယနိုင်ငံ Kathua ခရိုင်တွင် မိုးသည်း ထန်စွာရွာသွန်းမှုများကြောင့် မြေပြိုမှုများ ဖြစ်ပွားခဲ့ရကာ လူ၈ ဦးထက်မနည်းသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့ကြတာလည်းဖြစ်ပါတယ်။

အဆိုပါ ဖြစ်စဉ်မှာ Kathua ခရိုင်အတွင်းရှိ Bani Tehsil ရွာအနီး တွင်ဇူလိုင် ၁၉ရက် နံနက် ၆ နာရီခန့်က ဖြစ်ပွားခဲ့တာဖြစ်ကြောင်း ဒေသဆိုင်ရာ တာဝန်ရှိသူများက ​ပြောကြားထား တာလည်းဖြစ်ပါတယ်။

“ရွာကိုဦးတည်တဲ့ နေရာတော်တော်များများမှာ မြေပြိုမှုတွေကြောင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များ နှင့် ရဲအဖွဲ့ တို့က မြေပြိုမှုများ ဖြစ်ခဲ့တဲ့ဧရိယာကို ရောက်ဖို့ သုံးနာရီကြာခဲ့တယ်”လို့ Kathua ခရိုင် ရဲတပ်ဖွဲ့ (SSP) SDS Jamwal မှ အကြီးတန်းရဲအရာရှိက ပြောကြား ထားပါတယ်လို့လည်း သတင်းဌာနများက ဖော်ပြပြောဆိုထားကြပါတယ်။