အမရပူရမြို့နယ်၊ရတနာပုံတက္ကသိုလ်ကျောင်းဝင်ပေါက်အနီးအကြမ်းဖက်သောင်းကျန်းသူ PDF နှစ်ဦးက လက်လုပ်မိုင်းဖောက်ခွဲ

ဇူလိုင် ၁၉

          ယနေ့ မွန်းလွဲ ၃ နာရီ ၄၀ မိနစ်အချိန်ခန့်တွင် မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊တောင်သမန်ကျေးရွာအုပ်စု၊ထန်းတောရပ်ရှိ ရတနာပုံတက္ကသိုလ်ကျောင်းဝင်ပေါက်၏ ယာဘက် ပေ ၂၀၀ ခန့်အကွာ လမ်းဘေးတွင် လက် လုပ်မိုင်းတစ်လုံး ပေါက်ကွဲမှုဖြစ်ပွားကြောင်း သိရပါသည်။

       ဖြစ်စဥ်မှာ ရတနာပုံတက္ကသိုလ်ကျောင်းလမ်းအတိုင်း ဘုရားနီတံတားဘက်မှ စိစစ်ဆဲ အကြမ်း ဖက်သောင်းကျန်းသူ PDF အမျိုးသား ၂ ဦးသည် မောင်းနှင်လာသည့် ဆိုင်ကယ်ပေါ်မှ လက် လုပ်မိုင်းဖြင့်ပစ်ပေါက်ပြီး ၎င်းဆိုင်ကယ်မှာ ဘုရားနီတံတားဘက်သို့ ပြန်လည်မောင်းနှင်ထွက်ပြေးသွားခဲ့ပါသည်။

        လက်လုပ်မိုင်းမှာ ရတနာပုံတက္ကသိုလ်ဝင်း ဝင်ပေါက်၏ ယာဘက် ပေ ၂၀၀ခန့်အကွာ၊အုတ်တံတိုင်းအနီး ကားလမ်းဘေးသို့ကျရောက်ပေါက်ကွဲခဲ့ပြီး ပေါက်ကွဲမှုကြောင့် လူ/ပစ္စည်း ထိခိုက်ပျက်စီးမှု မရှိကြောင်း သတင်းရရှိပါသည်။

#PAN