“အမေရိကန်စစ်တပ်၏ ဒုတပ်ကြပ် အဆင့်ရှိ စစ်သည်တစ်ဦးက တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ နယ်စပ်ကို ဖြတ်ကျော်ပြီး မြောက်ကိုရီးယား နိုင်ငံအတွင်းသို့ ထွက်ပြေးခိုလှုံခဲ့”

ဇူလိုင် ၁၉

အမေရိကန်စစ်တပ်၏ စစ်သည် ၁ ဦးသည် တောင်ကိုရီးယား အကျဉ်းထောင်တစ်ခုတွင် နှစ်လနီးပါး အကျခံခဲ့ရပြီးနောက် အမေရိကန် စည်းကမ်းတင်းကျပ်သော တောက်ိုရီးယား နှင့်မြောက်ကိုရီးယား နယ်စပ်ကို ဖြတ်ကျော်ကာ မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ကြောင်း အမေရိကန် စစ်တပ်၏ တာဝန်ရှိသူများက ပြီးခဲ့သည့် ဇူလိုင် ၁၈ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့တာဖြစ်ပြီး ၅နှစ်တာအတွင်း မြောက်ကိုရီးယားနိုင်ငံတွင် ပထမဆုံး ဖမ်းဆီးခံခဲ့ရသည့် အမေရိကန်စစ်သည်တစ်ဦး ဖြစ်လာခဲ့ကြောင်း သတင်းဌာနများကဖော်ပြပြောဆိုထားပါတယ်။

ဒုတပ်ကြပ်တပ်သား အဆင့်ရှိသည့် Travis King က ကိုယ်ထိလက်ရောက်ပြုမှုသည့် စွဲချက်ဖြင့် တောင်ကိုရီးယား စစ်အကျဥ်း ထောင်တွင် ထိန်းသိမ်းခံ ထားခဲရတာဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၁၀ ရက်တွင် ပြန်လည် လွတ်မြောက်ခဲ့တာလည်းဖြစ်ပါတယ်။

ထို့နောက် ပြီးခဲ့သည့် ဇူလိုင် ၁၇ရက် တနင်္လာနေ့က အမေရိကန်စစ်တပ် အရာရှိများ၏ ပြောကြားချက်အရ အဆိုပါ အသက် ၂၃ နှစ်အရွယ် စစ်သည်အား တောင်ကိုရီးယား လေဆိပ်သို့ ခေါ်ဆောင်သွားပြီး အကောက်ခွန်ဌာနအထိ လိုက်ပါပို့ ဆောင်ခဲ့ကြောင်းလည်း သိရပါတယ်။

သို့သော် အမေရိကန် စစ်သည်က လေယာဉ် ပေါ်မတက်ဘဲ လေဆိပ်ကထွက်ပြေးပြီး တောင်ကိုရီးယားနှင့် မြောက်ကိုရီးယား နယ်စပ်ရွာဖြစ်တဲ့ Panmunjomရွာ ခရီးစဉ်တွင် လိုက်ပါသွားခဲ့ပါတယ်။ အစောင့်တွေ နှင့် စည်းကမ်းအလွန်တင်းကျပ်သော တောင်ကိုရီးယား နှင့် မြောက်ကိုရီးယားနိုင်ငံတို့၏ နယ်စပ်ကို ဖြတ်ကျော် ပြီး ပြီးခဲ့သည့် အင်္ဂါနေ့ ဒေသစံတော်ချိန် နေ့လည်က မြောက်ကိုရီးယားနိုင်ငံအတွင်းသို့ ဖြတ်ကျော်ဝင် ရောက်ခဲ့တာလည်းဖြစ်ပါတယ်လို့ သတင်းဌာနများ က ဖော်ပြပြောဆိုထား ကြပါတယ်။