“ထိုင်းနိုင်ငံအတွင်းရှိ Move Forward ပါတီခေါင်းဆောင်အား တိုင်ကြားထားသော အမှုများကို စစ်ဆေးရန် ထိုင်းတရားရုံး က ၁၅ရက်သာအချိန်ပေးထားပြီး ယနေ့ ကျင်းပပြုလုပ်မည့် ထိုင်းဝန်ကြီချုပ်ရွေးချယ်ပွဲ ပါလီမန်ကြီး၏ ရှေ့တွင် လုံခြုံရေး ရဲအင်အားအများအပြား နေရာချထား”

ဇူလိုင် ၁၉

ထိုင်းနိုင်ငံ ရွေးကောက်ပွဲများတွင် ထိုင်းနိုင်ငံ၏ တော်ဝင်စစ်တပ်ကျောထောက်နောက်ခံပြုထားသော ပါတီများထက် Move Forward ပါတီ အနိုင်ရပြီးနောက် ထိုင်းနိုင်ငံသည် လွန်ခဲ့သောလ အနည်းငယ်ကတည်းက ထိုင်း အိမ်စောင့်အုပ်ချုပ်ရေးအောက်တွင် ရှိနေခဲ့ပြီး ကိုးနှစ်ကြာသည်ထိ စစ်တပ်ထိန်းချုပ်ထားသော အစိုးရပြီးနောက် သိသာထင်ရှားသော အပြောင်းအလဲတစ်ခုဖြစ်ကြောင်း အမေရိကန် အခြေစိုက် Reuters သတင်းဌာနက ဖော်ပြပြောဆိုထားပါတယ်။

အမေရိကန်နိုင်ငံအတွင်း ပညာသင်ကြားခဲ့သည့် Move Forward ပါတီ၏ လစ်ဘရယ်ပါတီ ခေါင်းဆောင်ဖြစ်သည့် အသက် ၄၂ နှစ်အရွယ် Pita Limjaroenrat က ထိုင်းနိုင်ငံ၏ ဒုတိယအကြိမ်မြောက် ပြုလုပ််မည့် ထိုင်း ၀န်ကြီးချုပ်အဖြစ် တရားဝင်ရွေးချယ် ထောက်ခံမှုရရှိရန်အတွက် ထိုင်းလွှတ်တော် နှစ်ရပ်၏ ၅၀ ရာခိုင်နှုန်းကျော် ထောက်ခံမှုကို လိုအပ်မှာဖြစ်တယ်လို့ အဆိုပါ သတင်းဌာက ဖော်ပြပြောဆိုထားပါတယ်။

သို့သော် ထိုင်းနိုင်ငံ တရားရုံးက Move Forward ပါတီ ခေါင်းဆောင်ကို ဝန်ကြီးချုပ် အဖြစ် မဲမပေးမီ နာရီပိုင်းအလိုတွင် ပါလီမန်မှ ဆိုင်းငံ့ထားရန် ထုတ်ပြန်ကြေညာခဲ့ တာလည်း ဖြစ်ပါတယ်။

Pita Limjaroenratက ပြီးခဲ့သည့် မေလ ထိုင်း ရွေးကောက်ပွဲတွင် ဝင်အရွေးခံရန် အရည်အချင်း မပြည့်မီဘူးလို့ ဆိုကာ Move Forward တိုးတက်သော ပါတီက ထိုင်းနိုင်ငံရွေးကောက်ပွဲ၏ နေရာအများစု ကို ရယူထားသည့်အတွက် ဝန်ကြီးချုပ်နေရာ ဝင်ရောက်ယှဥ်ပြိုင်ရန် ဆိုင်းငံ့ခံခဲ့ရတာ လည်းဖြစ်ပါတယ်။

ထိုင်းနိုင်ငံ၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ ထိုင်း တရားရုံးကြီးက ပြီးခဲ့သည့် မေလအတွင်း ကျင်းပပြုလုပ်ခဲ့သည့် ထိုင်းရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် Pita အား အရည်အချင်း မပြည့်မီဟု စွပ်စွဲခံထားရသည့် အမှုကို လက်ခံခဲ့ပြီးနောက် နိုင်ငံတွင်း ရေပန်းအစားဆုံးဖြစ်နေသည့် ပါတီ ခေါင်းဆောင်ကို ထိုင်းပါလီမန်မှ ဝန်ကြီးချုင်ရာထူးရွေးချယ်ခံခြင်းကို ဆိုင်းငံ့လိုက်တာ လည်းဖြစ်ပါတယ်။

Pita ကတော့ သူပိုင်ဆိုင်သည့် မီဒီယာရှယ်ယာ များကို ပိုင်ဆိုင်ထားသောကြောင့် ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်းမပြည့် မီကြောင်း တိုင်ကြား ချက်များ၏ အဓိကအချက် ဖြစ်သည့် အဆိုပါ အမှုကို Pita က ငြင်းဆိုထား တာလည်း ဖြစ်ပါတယ်။

ထိုင်းတရားရုံးက စီရင်ချက်ကို ဆိုင်းငံ့ထားပြီး Move Forward ပါတီခေါင်းဆောင်ကို ၁၅ ရက်သာ အချိန်ပေးထားကြောင်း အဆိုပါ တရားရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပြီးလည်းဖြစ်ပါတယ်။

ယနေ့ ဇူလိုင် ၁၉ရက်ဗုဒ္ဓဟူးနေ့တွင် ဒုတိယအကြိမ်ထပ်မံ ကျင်းပပြုလုပ်မည့် ထိုင်းနိုင်ငံဝန်ကြီးချုပ် အသစ် ရွေးချယ်ပွဲကျင်းပမည့် ပါလီမန်ကြီး၏ အပြင်ဘက်မှာ လုံခြုံရေး ရဲအင်အားများစွာချထားကြောင်း ထိုင်းဒေသတွင်း မီဒီယာတွေက ဖော်ပြပြော ဆိုထားကြပါတယ်။