ပေါက်မြို့အဝင်၊ အိမ်းတွင်းမူကျောင်းရှေ့ရှိ လုံခြုံရေး ဂိတ်ကို အကြမ်းဖက်သောင်း ကျန်းသူ PDF များက သာလွန်အင်အားဖြင့်တိုက်ခိုက်၊ PDF များက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်ပေါက်ကွဲမှုကြောင့် အရပ်သားပြည်သူနေအိမ်များ ထိခိုက်ပျက်စီး

ဇူလိုင် ၁၇

      မကွေးတိုင်းဒေသကြီး၊ပေါက်မြို့အဝင်၊ အိမ်းတွင်းမူကျောင်းရှေ့ရှိ လုံခြုံရေး ဂိတ်ကို ယမန်နေ့ နံနက် ၇ နာရီခွဲအချိန်တွင် အကြမ်းဖက်သောင်း ကျန်းသူ PDF များက သာလွန်အင်အားဖြင့် မြို့ထဲဝင်ရန် ပစ်ခတ်တိုက်ခိုက်ရာ အပြန်အလှန်ပစ်ခတ်မူများဖြစ်ပွားခဲ့ကြောင်း သိရပါသည်။

ထိုသို့ ပစ်ခတ်မှုဖြစ်ပွားစဥ် အကြမ်းဖက် PDF များက ပစ်ခတ်လိုက်သည့် လက်နက်ကြီး ကျည်မှာ လုံခြုံရေးဂိတ်အနီးရှိ အရပ်သားပြည်သူနေအိမ် တစ်လုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာနေအိမ်မီးလောင်ခဲ့ကြောင်း သိရပါသည်။

     အလားတူ ပေါက်မြို့မြောက်ဘက်မှ အကြမ်း ဖက် PDFများက ပစ်ခတ်လိုက်သည့် လက်နက် ကြီး ကျည်နှစ်လုံးမှာ ပေါက်မြို့၊အောင်ချမ်းသာရပ်ကွက်၊ဗိုလ်ချုပ်လမ်းပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ အနီးရှိနေအိမ်နှင့် ဆိုင်ခန်းများ၏ တံခါးနှင့် မှန်များထိခိုက်ပျက်စီးခဲ့ကြောင်း၊ ကျန်တစ်လုံးမှာ ထိုရပ်ကွက်၏ အစွန်ရှိ လူနေအိမ်ဘေးတွင်ကျရောက်ခဲ့သော်လည်း ပျက်စီးခဲ့မူ့မရှိခဲ့ကြောင်းနှင့်လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရ၊ သေဆုံးခြင်း မရှိခဲ့ကြောင်းသတင်းရရှိပါသည်။

#PAN