တောင်တွင်းကြီးမြို့နယ်၊တောင်တွင်းကြီး – ပုဂံကုန်းကျေးရွာသွားမြေသားလမ်းပေါ်တွင် ပုဂံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးကို လူသတ်အကြမ်းဖက်သောင်းကျန်းသူများက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၁၆

        ယနေ့ မွန်းလွဲ ၃ နာရီအချိန်ခန့်တွင် မကွေး တိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်၊ ပန်းတောငယ်ကျေးရွာ၊ တောင်တွင်းကြီး – ပုဂံကုန်းကျေးရွာသွားမြေသားလမ်းပေါ်တွင် ပန်းတောငယ်ကျေးရွာအုပ်စု၊ ပုဂံကုန်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးကျော်ဆင့်၊ ၅၉ နှစ်၊(ဘ)ဦးဘိုသာ၊ ဗမာ/ဗုဒ္ဓ ကို ခေါင်းဆောင်၊အင်အား စိစစ်ဆဲ အကြမ်းဖက်သောင်းကျန်းသူ PDF များက သေနတ်ဖြင့်ပစ်သတ်ခဲ့ကြောင်း နယ်မြေခံလုံခြုံရေးပူးပေါင်းအဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါသည်။

     ထိုသို့ အကြမ်းဖက် PDFများ၏ ပစ်ခတ်မှုကြောင့် ဦးကျော်ဆင့် တွင် ဦးခေါင်းနောက်စေ့ ကျည်ဖောက်ဝင်ဒဏ်ရာ ၂ ချက်ဖြင့် သွေးများထွက်လျှက် မြေသားလမ်းပေါ်တွင် မှောက်လျှက်အနေအထားဖြင့် သေဆုံးခဲ့ကြောင်း၊ ၎င်း၏ နံဘေးတွင် USA _ 9 MM LUGER အမျိုးအစား ကြေးရောင်ကျည်ခွံ ၁ ခုနှင့် PMC 9MM LUGERအမျိုးအစား ကြေးရောင်ကျည်ခွံ ၁ ခုတို့ကို တွေ့ရှိရကြောင်း သိရပါသည်။

      သေဆုံးသူ ဦးကျော်ဆင့်၏ ရုပ်အလောင်းကို
ညနေ ၄ နာရီ ၄၅ မိနစ်အချိန်တွင် စိတ္တသုခလူမှုကူညီရေးအသင်းကားဖြင့် တောင်တွင်းကြီးမြို့နယ် ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း၊ဦးကျော်ဆင့်အား သေသည်အထိ သေနတ်ဖြင့်ပစ်ခတ်သွားသူကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၁(ဂ)/၅၄ ဖြင့် အမှုဖွင့်ပြီး ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN