မြိုင်မြို့နယ်အတွင်းရှိ ပြည်ခိုင်ဖြိုးပါတီဝင်၊လွှတ်တော်ကိုယ်စားလှယ်ဟောင်း၏ နေအိမ်ကို PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများကဝင်ရောက်ပြီး ပစ္စည်းများအားလုံးကို ယူဆောင်ရှောင်တိမ်းနေကြသော ဝန်ထမ်းများ၊ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ်ထောက်ခံသူများကို ၎င်းတို့နှင့် ပူးပေါင်းရန် ခြိမ်းခြောက်

ဇူလိုင် ၁၆

          ယမန်နေ့ ညနေ ၅ နာရီခန့်အချိန်ခန့်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်အရှေ့တောင်ပိုင်း ၁၅ မိုင်အကွာ ညောင်းတွင်းကျေးရွာအုပ်စု၊ ညောင်တွင်းအရှေ့ရွာရှိ ပြည်ခိုင်ဖြိုးပါတီဝင်၊လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇော်ဝင်း ၏နေအိမ်သို့ PDF အမည်ခံ အကြမ်းဖက်သောင်းကျန်းသူများက ရောက်ရှိလာပြီး နေအိမ်အတွင်းရှိပစ္စည်းများအားလုံးကို ယူဆောင်သွားခဲ့ကြောင်း၊ ၎င်းအပြင် ကျေးရွာအတွင်း ဦးဇော်ဝင်းမှ အခြားသူအား မွေးဘက်ပေးထားသော ဆိတ်အကောင်ရေ ၈၀ ခန့် နှင့် နွားအကောင်ရေ ၁၅ ကောင်တို့ကိုလည်း ယူဆောင်မောင်းနှင်သွားပြီး အိမ်အားချိပ်ပိတ်ခဲ့ကြောင်း၊ ဦးဇော်ဝင်း ပိုင်ဆိုင်သော လယ်ယာမြေတွင် လုပ်ကိုင်သူကိုလည်း ထွက်လာသောသီးနှံအားလုံးကို အကြမ်းဖက် PDF များက ၎င်းးတို့အားပေးရန် စာချုပ်တွင် လက်မှတ်ထိုးပြီး ခြိမ်းခြောက်သွားကြောင်း သိရပါသည်။

      အဆိုပါ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဇော်ဝင်းနှင့် မိသားစုသည် ရှောင်တိမ်းနေသည်မှာ ၁၈ လခန့်ရှိပြီး မြိုင်မြို့နယ်တွင် အခြားအရပ်သို့ရှောင်တိမ်းနေကြသော Non CDM ဝန်ထမ်းမိသားစုများ၊ ပြည်ခိုင်ဖြိုးပါတီဝင်များ၊ တပ် ထောက်ခံသူများကို ၎င်းတို့နှင့် ပူးပေါင်းရန်အတွက် အမြန်ဆုံးပြန်လာရန်  ပြန်မလာပါကအိမ်များကို ချိပ်ပိတ်မည်ဖြစ်ကြောင်း အသံချဲ့စက်ဖြင့် ရွာတိုင်းနီးပါး ခြိမ်းခြောက်ခြင်းများ ပြုလုပ်နေကြောင်း သတင်းရရှိပါသည် ။

#PAN