“အိန္ဒိယဝန်ကြီးချုပ်၏ ပြင်သစ်ခရီးစဥ်အတွင်း အိန္ဒိယနိုင်ငံမှ ပြင်သစ်နိုင်ငံထုတ် တိုက်လေယာဥ်များ နှင့် ရေငုတ်သင်္ဘော အချို့ ဝယ်ယူနိုင်ရန် အိန္ဒိယ – ပြင်သစ် နှစ်နိုင်ငံ သဘောတူစာချုပ် လက်မှတ်ရေးထိုးခဲ့ကြ”

ဇူလိုင် ၁၅

အိန္ဒိယနိုင်ငံဝန်ကြီးချုပ် မိုဒီ က ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ အလည်အပတ်ရောက်ရှိနေစဉ် ပြင်သစ်နိုင်ငံမှ တိုက်လေယာဉ်များ နှင့် ရေငုပ်သင်္ဘောများ ဝယ်ယူခဲ့တာဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာမိုဒီ က ပြင်သစ်နိုင်ငံ ပဲရစ်မြို့သို့ ၂ရက်ကြာခရီး လာရောက်နေစဉ်အတွင်း ပြင်သစ်တိုက် လေယာဉ်များ နှင့် ရေငုတ်သင်္ဘောများ ဝယ်ယူနိုင်ရန်အတွက် ပြင်သစ် အစိုးရ နှင့်အိန္ဒိယ အစိုးရတို့အကြား ကန်ဒေါ်လာ ဘီလီယံ ပေါင်းများစွာ တန်ကြေး ရှိသော သဆဘာတူ စာချုပ်သစ် တစ်ရပ်ကို လက်မှတ်ရေး ထိုးခဲ့တာလည်းဖြစ်ပါတယ်။

အိန္ဒိယဝန်ကြီးချုပ် Narendra Modi က ပြင်သစ်နိုင်ငံ၏ Dassault Naval Group ကြီးထံမှ Rafale အမျိုးအစား မရိန်းဂျက်တိုက်လေယာဉ် ၂၆ စင်း နှင့် Scorpene အမျိုးအစား စစ်ရေငုပ်သင်္ဘော ၃ စီးတို့ကို အိန္ဒိယအစိုးရက ဝယ်ယူသွားမည်ဖြစ် ကြောင်း ပြီးခဲ့သည့် ဇူလိုင်၁၃ရက် ကြာသပတေးနေ့တွင် အတည်ပြုလက်မှတ် ရေးထိုးခဲ့ကြတာ ဖြစ်ပါတယ်လို့ သတင်းဌာနများ ကဖော် ပြပြောဆိုထားကြပါတယ်။