ပုသိမ်မြို့နယ်အတွင်းနေ တာဝန်သိပြည်သူတစ်ဦး၏ သတင်းပေးပို့ ပူးပေါင်းကူညီမှုကြောင့် ၁၀၀၀ဝိ/-ကျပ်တန်နှင့် ၅၀၀ဝိ/-ကျပ်တန်ငွေစက္ကူအတုများ ရောင်းချနေသူ တရားခံနှစ်ဦးကို ဖမ်းဆီးရမိ

ဇူလိုင် ၁၄

     ဇူလိုင်လ ၁၁ ရက်နေ့ ညနေ ၆ နာရီ ၁၅ မိနစ်အချိန်ခန့်တွင် ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့နယ်အတွင်းနေ တာဝန်သိပြည်သူ တစ်ဦးက Onlineမှတဆင့် ချိတ်ဆက်၍ ငွေစက္ကူအတုများအား မှာယူထားရှိပြီး အဆိုပါ ငွေစက္ကူ အတုများအား ပုသိမ်မြို့၊ အမှတ်(၂)ရပ်ကွက်၊ ကမ်းနားလမ်း၊ ရေပေါ်ဈေးသို့ လာရောက်ပေးပို့ရန် ချိန်းဆိုထားရှိကြောင်း နှင့် အဆိုပါ ငွေစက္ကူအတု လာရောက်ပေးပို့သူများအား ဖမ်းဆီးအရေးယူနိုင်ရေး ၎င်းမှပင်ပါဝင် ကူညီဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ဆက်သွယ်အကြောင်းကြားလာခဲ့ပါသည်။

       ထိုသို့  ဆက်သွယ်အကြောင်းကြားလာမှုအရ
မြို့နယ်ရဲတပ်မှူးရုံးနှင့် နယ်မြေခံရဲတပ်ဖွဲ့မှ တာဝန်ရှိသူများ၊ လုံခြုံရေးရဲတပ်ဖွဲ့ဝင်များဖြင့် ယင်းနေ့ ၆ နာရီခွဲအချိန်ခန့်တွင် ရေပေါ်ဈေးအနီး ၌ စောင့်ဆိုင်းနေစဉ် သတင်းပေးသူ၏ ညွှန်ပြ ချက်အရ အဆိုပါ နေရာအနီးတွင် အမျိုးသားတစ်ဦးအား သင်္ကာမကင်းဖွယ်တွေ့ရှိ၍ ရပ်တန့် စစ် ဆေးရာ အဆိုပါ အမျိုးသားမှာ ငွေကြယ် (ခ) မောင်ငွေ၊ ၅၆ နှစ်၊(ဘ)ဦးသန်းရွှေ၊ ဗမာ/ဗုဒ္ဓ၊ ၁၂/ကခက(နိုင်)၀၃၃၈၁၂၊ ကျဘမ်း၊ သာစည်ကျေး ရွာ၊ လက်ပံခွအုပ်စု၊ တွံတေးမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူဖြစ်ကြောင်း သိရှိရပြီး ၎င်းကိုင်ဆောင်ထားသည့် ပန်းသီးတံဆိပ်ပါ ခဲရောင်ကျောပိုးအိတ်ကို ရှာဖွေစစ်ဆေးရာ အိတ်အတွင်း မှ အတုဟုယူဆရသော ၁၀၀၀ဝိ/-ကျပ်တန်ငွေစက္ကူ ၉၄၇ ရွက်နှင့် အတုဟုယူဆရသော ၅၀၀ဝိ/-ကျပ်တန်ငွေစက္ကူ ၁၀၇ ရွက်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့ကြောင်းသိရပါသည်။

       ဆက်လက်၍ ငွေကြယ်(ခ)မောင်ငွေအား ပူးပေါင်းအဖွဲ့၏ စစ်ဆေးမေးမြန်းချက်အရ အဆိုပါ ငွေစက္ကူအတုများကို ၎င်းနှင့်အတူ မျိုးထက်တို့မှ ပုသိမ်မြို့ရှိ ရေပေါ်ဈေးအနီးသို့ လာရောက်ပို့  ဆောင်စဉ် ဖမ်းဆီးခြင်းခံခဲ့ရကြောင်းနှင့် မျိုးထက်မှာ ပုသိမ်တံတားအောက်တွင် စောင့်ဆိုင်းလျှက် ရှိကြောင်းထွက်ဆိုခဲ့သဖြင့် ပူးပေါင်းအဖွဲ့မှ မျိုးထက်ဆိုသူအား ဖမ်းဆီးရမိရေး ဆက်လက် ဆောင်ရွက်ခဲ့ရာ တံတားအောက်၌ စောင့်ဆိုင်းနေသူ မျိုးထက်၊ ၃၅ နှစ်(ဘ)ဦးခင်ရွှေ၊ ဗမာ/ဗုဒ္ဓ၊ ၁၂/တတန(နိုင်)၁၈၆၈၉၀၊ သပြေခြံစိုက်လုပ်သား၊ သာစည်ကျေးရွာ၊ လက်ပံခွအုပ်စု၊ တွံတေးမြို့ နယ်၊ ရန်ကုန်တိုင်းဒေသကြီးနေသူအား အသင့်တွေ့ရှိရသဖြင့် ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ဆေး မေးမြန်းရန် မခရစု(၇)တွင် ထိန်းသိမ်းထားလျှက်ရှိကြောင်းနှင့် သက်သေခံ ပစ္စည်းများအား သိမ်းဆည်းခြင်း၊ ငွေကြယ်(ခ) မောင်ငွေနှင့် မျိုးထက်တို့ ၂ ဦးအား ဥပဒေနှင့်အညီ အမှုဖွင့်အရေးယူ ဆောင်ရွက်လျှက်ရှိကြောင်း  သတင်းရရှိပါသည်။

#PAN