ကန့်ဘလူမြို့နယ်တွင် လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များ၏ရန်မှ ကာကွယ်ရန်အတွက် ကန့်ဘလူမြို့နယ် ပြည်သူ့စစ်ကွန်မန်ဒိုအဖွဲ့  ဖွဲ့စည်းလေ့ကျင့်

ဇူလိုင် ၁၄

     စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ်တွင် လူသတ်အကြမ်းဖက်သောင်း ကျန်းသူ PDF များ၏ရန်မှ ကာကွယ်ရန်အတွက် ကန့်ဘလူမြို့နယ် ပြည်သူ့စစ်ကွန်မန်ဒိုအဖွဲ့ကို ၅၅၀ ဆရာတော်၏ တပည့် ဒါယိကာများဖြင့် ဖွဲ့စည်းလေ့ကျင်လျှက်ရှိကြောင်း သိရပါသည်။

      အဆိုပါ ၅၅၀ ဆရာတော်၏ စီမံမှုဖြင့် ကန့်ဘလူမြို့နယ်အတွင်း ပြည်သူ့စစ်များကို တိုးချဲ့ဖွဲ့စည်းလျှက်ရှိကြောင်း၊ ယခုဖွဲ့စည်းလိုက်သည့် အဖွဲ့သည် ပြည်သူ့စစ်အဖွဲ့ဝင်များထဲမှ လက်ရွေးစင် ရွေးချယ်ပြီး ကွန်မန်ဒိုအထူးတပ်ဖွဲ့ကို ဖွဲ့စည်းလေ့ကျင့်ပေးနေခြင်းဖြစ်ကြောင်း သိရပါသည်။

      ထိုသို့ ကွန်မန်ဒိုအထူးတပ်ဖွဲ့ကို ဖွဲ့စည်းလေ့ကျင့်ပေးနေမှုကို ၅၅၀ ဆရာတော်က သွားရောက်ကြည့်ရှုပြီး ပြည်သူ့စစ်ခေါင်းဆောင်များနှင့် ပြည်သူ့ စစ်ညီအစ်ကိုများအား အားပေးတိုက်တွန်းစကား ပြောကြားပေးခဲ့ပါသည်။

      ”စည်းကမ်းကို အပြည့်အဝလိုက်နာကျင့်သုံးရန်နှင့် အမိန့်နာခံတတ်ရန်၊ အကြမ်းဖက် KIA / PDF တို့၏ ရက်စက်ယုတ်မာသည့် ရန်အန္တရာယ်ဟူသမျှကို စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့်ပူးပေါင်းကာကွယ်ကြရန်၊ ထိုသို့ကာကွယ်ရာတွင် မြန်မာ့တပ်မတော်၊ဘနစကအစိုးရတို့နှင့်အတူ   မိမိမြို့နယ်၊ မိမိဒေသ၊ မိမိရွာကို ပူးပေါင်းကာကွယ်ကြမည်ဖြစ်ကြောင်း” ၅၅၀ ဆရာတော်က ပြောကြားခဲ့ကြောင်း သိရပါသည်။

     ၅၅၀ ဆရာတော်၏ ဦးဆောင်မှုဖြင့် အကြမ်း ဖက်သောင်းကျန်းသူ KIA နှင့် PDF တို့ရန်မှကာကွယ်ရန် ပြည်သူ့စစ်အဖွဲ့များကို ဖွဲ့စည်းလျက်ရှိရာ ကန့်ဘလူမြို့နယ်တွင်  ၅၃ ရွာ၊ တန့်ဆည်မြို့နယ်တွင် ၁၇ ရွာ၊ ကျွန်းလှမြို့နယ်တွင် ၁၅ ရွာတို့ကို ပြည်သူ့စစ်အဖွဲ့များ လေ့ကျင့်ဖွဲ့စည်း၍ လက်နက်ကိုယ်စီ တပ်ဆင်ပြီးကြောင်းနှင့် ဆက်လက်ပြီး ပြည်သူစစ်အဖွဲ့များ ေကျးရွာအလိုက်လေ့ကျင့်ဖွဲ့စည်းခြင်း၊ လက်နက်တပ်ဆင်ခြင်းများကို စဥ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN