“အမေရိကန် သမ္မတ က အရှေ့ဥရောပ တိုက်ဒေသများသို့ အမေရိကန်စစ်တပ်၏အရန် တပ်ဖွဲ့ဝင်များ စေလွှတ်နေရာချထားနိုင်ရန် အမိန့်ပေးခဲ့”

ဇူလိုင် ၁၄

အမေရိကန် နိုင်ငံ သမ္မတ Joe Biden က အရှေ့ဥရောပတိုက် ဒေသအတွင်း အမေရိကန် စစ်အင်အားဆိုင်ရာ တည်ရှိမှုများကို အားဖြည့်နိုင် ရန်အတွက် အမေရိကန်စစ်တပ်၏ အရန်တပ်သား ၃၀၀၀ နီးပါးကို ဖြန့်ကြက် ချထားနိုင်ရန် အမိန့်ပေးခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့သည့် ဇူလိုင် ၁၃ရက် ကြာသပတေးနေ့က ပြုလုပ်ခဲ့သည့် Operation Atantic Resolve အမည်တွင်သော လှုပ်ရှားမှု တစ်ခုတွင် အမေရိကန်သမ္မတ ဘိုင်ဒန် က လက်ရှိတွင် တပ်စွဲထားသည့် အမေရိကန် နိုင်ငံ၏ တပ်ဖွဲ့ဝင်များ တည်ရှိမှုကို တိုးမြှင့်နိုင်ရန်အတွက် ဥရောပဒေသများသို့ အမေရိကန် အရန်တပ်သား ၃,၀၀၀ နီးပါး ထပ်မံတိုးမြှင့် ချထားနိုင်ရန် ညွှန်ကြားခဲ့ တာလည်းဖြစ်ပါတယ်။

သမ္မတ Biden ၏အမိန့်သည် အမေရိကန်နိုင်ငံ ကာကွယ်ရေးဝန်ကြီးနှင့် အမိမြေ လုံခြုံရေးဝန်ကြီး ဌာနမှ ရွေးချယ်ထားသော အရန်စုတစ်ခု၏ ယူနစ်တစ်ခုကို တာဝန်ပေးအပ်ထားသော တစ်ဦးချင်း အရန်သင့်အဖွဲ့ အားစေလွှတ်ရန် အခွင့်အာဏာ ပေးထားခဲ့တာလည်းဖြစ်ပါတယ်။

ရုရှားနိုင်ငံ၏ ယူကရိန်းကို ကျူးကျော်လာမှုများအားကောင်းလာမှုကို တုံ့ပြန်သည့်အနေဖြင့် အမေရိကန် စစ်တပ်၏ စစ်ခေါင်းဆောင်များကို ဥရောပဒေသများသို့ အမေရိကန် စစ်တပ် အရန်တပ်သား ၃၀၀၀နီးပါး ခန့်နေရာချ ထားရန် သမ္မတ ဘိုင်ဒင်က ကြာသပတေးနေ့တွင် ခွင့်ပြုခဲ့တာလည်း ဖြစ်တယ်လို့ သတင်းဌာနများကဖာ်ပြပြော ဆိုထားကြပါတယ်။