ဝမ်းတွင်းမြို့တွင် သတင်းတပ်ဖွဲ့(SB)မှ တပ်ဖွဲ့ဝင်တစ်ဦးကို လူသတ်အကြမ်းဖက် PDF နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ထွက်ပြေး

ဇူလိုင် ၁၃

     ယနေ့ ညနေ ၆ နာရီအချိန်ခန့်တွင် မန္တလေး တိုင်းဒေသကြီး၊ဝမ်းတွင်းမြို့၊အမှတ်(၁)ရပ်ကွက် ၊အောင်မင်္ဂလာရပ်၊အောင်မင်္ဂလာလမ်းရှိ သတင်းတပ်ဖွဲ့(SB)ယာယီရုံးရှေ့၌ တပ်ဖွဲ့စိတ်မှုး ရဲအုပ်သိန်းဇော်မိုး သည် ရုံးရှေ့သို့ထွက်နေစဥ် အမည်မသိ လူသတ်အကြမ်းဖက်သောင်းကျန်းသူ PDF လူငယ် ၂ ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာကာ သေနတ်ဖြင့် ၂ချက်ပစ်ခတ်ပြီး ထွက်ပြေးသွားခဲ့သည်။

     ထိုသို့ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ရဲအုပ်သိန်းဇော်မိုး တွင် ပါးစပ်မှနောက်စေ့ဖောက်ဝင်ဒဏ်ရာ ၁ ချက်ဖြင့် အခင်းဖြစ်နေရာတွင် သေဆုံးခဲ့ကြောင်း၊ သေနတ်ဖြင်ပစ်ခတ်သူ လူသတ်အကြမ်းဖက် PDF နှစ်ဦးကို ဖမ်းဆီးရမိရေးစုံစမ်းစစ်ဆေးဆောင်ရွက်လျှက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN