ရွှေဘိုမြို့နယ်တွင် ဆီဆိုင်၌ ဓာတ်ဆီထည့်‌နေသော သာမန်အရပ်သားပြည်သူတစ်ဦးကို လူသတ်အကြမ်း ဖက် PDF တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်

ဇူလိုင် ၁၃

     စစ်ကိုင်းတိုင်းဒေသကြီး၊ရွှေဘိုမြို့နယ်၊ ချီပါမြောက်ရွာနေသူ ကိုထွန်းနိုင်၊ ၅၀ နှစ် သည် ယနေ့ နံနက် ၁၁ နာရီအချိန်ခန့်တွင် ရွှေဘိုမြို့အထွက် အောင်ပြည်ဖြိုး APP ဆီဆိုင်တွင် ဓာတ်ဆီထည့်‌နေစဉ် အကြမ်းဖက်သမား တစ်ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ရာ နေရာတွင် ပွဲချင်းပြီး သေ ဆုံးသွားကြောင်း သိရပါသည်။

     ကိုထွန်းနိုင်သည် သာမန်အရပ်သားပြည်သူတစ်ဦးဖြစ်ပြီး မည်သည့်အဖွဲ့အစည်းနှင့်မျှ ပတ် သက်ခြင်းမရှိကြောင်း သိရပါသည်။ လူသတ်အကြမ်းဖက် PDF များသည် လက်နက်များကိုင်ဆောင်ထားကြပြီး မူးယစ်စိတ်ကြွဆေးများကို အလွန်သုံးစွဲကြပြီး ၎င်းတို့၏စိတ်ကို ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ လူတစ်ယောက်ကို လွယ်လင့်တကူသတ်ဖြတ်ကြကြောင်း ဒေသခံပြည်သူများထံမှ ကြားသိရပါသည်။

    ရွှေဘိုမြို့နယ်သည် လက်နက်မဲ့အရပ်သားပြည်သူများကို လူသတ်အကြမ်းဖက် PDF အဖွဲ့များက ဖမ်းဆီးသတ်ဖြတ်ခြင်း အများဆုံးပြုလုပ်သည့် မြို့နယ်ဖြစ်ကြောင်း မြေပြင်သတင်းများအရသိရှိရပါသည်။
(Internet အခက်အခဲကြောင့် ဓာတ်ပုံဖော်ပြုခြင်း မပြုနိုင်ပါ)

#PAN