ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ (၂)အုပ်ချုပ်ရေးမှူးရုံးကို အကြမ်းဖက် PDF နှစ်ဦးက လက်ပစ်ဗုံးဖြင့် ပစ်ပြီးထွက်ပြေး၊ လက်ပစ် ဗုံးမှာ ပေါက်ကွဲခြင်းမရှိ

ဇူလိုင် ၁၂

     ယနေ့ နံနက် ၁၀ နာရီခွဲအချိန်ခန့်တွင် ပဲခူး တိုင်းဒေသကြီး၊ ညောင်လေးပင်မြို့နယ်၊ ပြွန်တန်ဆာမြို့၊ မြို့မ(၂)အုပ်ချုပ်ရေးမှူးနှင့် ရုံးအဖွဲ့မှ ရုံးလုပ်ငန်းများဆောင်ရွက်နေစဥ် စိစစ်ဆဲလူသတ်အကြမ်းဖက် PDF နှစ်ဦးသည် ဆိုင်ကယ်ဖြင့် ရုံးရှေ့သို့ ဖြတ်မောင်း၍ လက်ပစ်ဗုံးတစ်လုံးဖြင့် ရုံးအတွင်းပစ်ထည့်ပြီး ဆိုင်ကယ်မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရပါသည်။

       အဆိုပါ လက်ပစ်ဗုံးမှာ ပေါက်ကွဲခြင်းမရှိဘဲ လူ/ပစ္စည်း ထိခိုက်ဒဏ်ရာရရှိခြင်းမရှိခဲ့ကြောင်းနှင့် နယ်မြေခံရဲတပ်ဖွဲ့မှ စုံစမ်းစစ်​ဆေး ရှင်းလင်းလျက်ရှိကြောင်း သတင်းရရှိပါသည်။

#PAN